Connect with us

Politics, Law & Military

တိုင်းဒေသကြီးနှင် ပြည်နယ်များတွင် ဇွန်လအတွင်း တရားမဝင်သစ် တန် ၂၀၀ကျော် ဖမ်းဆီးရမိ

တရားမဝင် ကျွန်းသစ်လုံးများ ဖမ်းဆီးရမိစဉ် (ဓာတ်ပုံ-သစ်တောဦးစီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ၄ခုနှင့် ပြည်နယ် ၅ခုတို့တွင် ဇွန်လအတွင်း တရားမဝင်သစ် တန် ၂၀၀ကျော် ဖမ်းဆီးရမိထားကြောင်း သစ်တောဦးစီးဌာနကထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှု၌ ပိတောက်ခွဲသားသစ်၊ ကျွန်းသစ်၊ ပျဉ်းကတိုးခွဲသားသစ်များ အများဆုံးဖမ်းမိရရှိကြောင်း သိရသည်။ဇွန်လအတွင်း ရှမ်းပြည်နယ်(ကျိုင်းထုံ)တွင် ၁၈တန်ကျော်၊ ရခိုင်ပြည်နယ်တွင် ၂၂တန်ကျော်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၅တန်ကျော်၊ နေပြည်တော်တွင် ၂၇တန်ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၉တန်ကျော်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၂တန်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၁တန်ကျော်၊ ရှမ်းပြည်နယ်တွင် ၂၂တန်ကျော်၊ ကချင်ပြည်နယ်တွင် ၁၀၉တန်ကျော်နှင့် မွန်ပြည်နယ်တွင် ၈တန်ကျော်စသည်တို့ ဖမ်းဆီးရမိထားကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117