Politics, Law & Military
ပါကစ္စတန်တွင် ယာဉ်မတော်တဆမှုများကြောင့် လူ၂၀ဦးသေဆုံး

အစ္စလမ်မာဘတ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဇန်နဝါရီ ၈ရက်က ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးပြီး အခြား လူ၂၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Urdu သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
Samaa သတင်းဋ္ဌာနက ပန်ဂျပ်ပြည်နယ် ဆိုဟာဝါဧရိယာတွင် ကားတစ်စီးသည် ခရီးသည်တင်ဗင်ကားအား တိုက်ခဲ့မိရာ လူ၁၄ဦးသေဆုံးပြီး ၉ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့၏ အဆိုအရ ပန်ဂျပ်ပြည်နယ် Grand Trunk လမ်းမပေါ်တွင် မောင်းနှင်နေသည့် ဗင်ကားအား ကားတစ်စီးက ဘီးပေါက်ကာ ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူများတွင် အမျိုးသား ၈ဦး၊ အမျိုးသမီး ၄ဦး နှင့် ကလေးငယ် ၂ဦးပါဝင်ကြောင်း သိရသည်။
အခြား ယာဉ်မတော်တဆမှုတစ်ခုမှာ Sahiwal ခရိုင် တွင် တွဲကားတစ်စီးအား အရှိန်ဖြင့်မောင်းနှင်လာသည့် ဘတ်စ်ကားတစ်စီးက ဝင်ရောက်တိုက်မိခြင်းဖြစ်ကာ လူ ၆ဦးသေဆုံးပြီး အခြား လူ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့အစည်းများက ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ပန်ဂျန်ပြည်နယ် ဝန်ကြီးချုပ် Shahbaz Sharif က ယာဉ်မတော်တဆမှုများအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ဒဏ်ရာရရှိသူများအား လိုအပ်သည့် ဆေးကုသမှုများ အကောင်းဆုံးဖြည့်ဆည်းပေးရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)