Connect with us

Politics, Law & Military

ရန်ကုန်မြို့ အဓိကလမ်းမများ၌ ဆင်ဆာမီးပွိုင့်များ တပ်ဆင်ထားပြီး စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များအားအရေးယူမည်

ဆူးလေခုံးကျော်တံတားအောက်ရှိ မီးပွိုင့်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့နိုင်ရန် အဓိကလမ်းမများ၌ လုံခြုံရေးကင်မရာ ပါဝင်သော ဆင်ဆာမီးပွိုင့်များ တပ်ဆင်ထားပြီး စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များကို လုံခြုံရေး ကင်မရာများမှ တစ်ဆင့် မှတ်တမ်းတင်လျက်ရှိရာ အဆိုပါယာဉ်များအား မော်တော်ယာဉ်နှစ်ကုန် သက်တမ်းတိုးသည့် အချိန်တွင် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့၏ အဓိကလမ်းမများတွင် ဆင်ဆာမီးပွိုင့် များတပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း၊ ထိန်းချုပ်ရေးစင်တာ အား မင်းဓမ္မလမ်းတွင် ထားရှိမည်ဖြစ်ပြီး တည်ဆောက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသိုလှောင်ရေးစနစ်မှ တဆင့် အချက်အလက်များအား သိမ်းဆည်းသွားရန် စီစဉ်ထားပြီး စည်းကမ်းဖောက် ဖျက်သည့် မော်တော်ယာဉ်များ၏ အမှုတွဲများအား လစဉ်သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆင်ဆာမီးပွိုင့်များမှ စ၍ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို မှတ်သားမှုများ ပြုလုပ်နေပြီး အခြား လုံခြုံရေးကင်မရာ မတပ်ဆင်ရသေးသည့် မြို့နယ်များ၌လည်း လိုက်လံတပ်ဆင်နေပြီဖြစ်ကြောင်း၊ အဆိုပါ စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ်များကို ၂ဝ၁၅ မော်တော်ယာဉ် ဥပဒေဖြင့် အရေး ယူခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117