Connect with us

Politics, Law & Military

ပုတ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံသို့နိုဝင်ဘာလ ၂၇ ရက်မှ ၃၀ ရက် အထိ လာရောက်မည်

ပုတ်ရဟန်းမင်းကြီး ဖရန်စစ်အား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)

ပုတ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံ ရန်ကုန် နှင့် နေပြည်တော် မြို့များသို့ နိုဝင်ဘာလ ၂၇ ရက်မှ ၃၀ ရက် အထိ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ သိရသည်။

သက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်များ ဖိတ်ကြားချက်ကို ကြိုဆို လက်ခံကာ ပုတ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့သွားရောက်မည် ဖြစ်ကြောင်း ထိုခရီးစဉ် အတွက် ယနေ့သြဂုတ် ၂၈ ရက်တွင် တရားဝင် ထုတ်ပြန် ရှင်းလင်းခဲ့သည်။ပုတ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံသား အားလုံးကို တွေ့ဆုံရန် ၊ အားလုံး အတွက် ကြွလာခြင်း ဖြစ်ကြောင်း ၊ အစိုးရ ခေါင်းဆောင်များ နှင့် သာမက ဘာသာရေး ခေါင်းဆောင်များ ၊ လုပ်သား ပြည်သူလူငယ်များ နှင့်လည်း တွေ့ဆုံလိမ့်မည်ဟု မျှော်လင့်ရကြောင်း မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။

ပုတ်ရဟန်းမင်းကြီး ဖရန်စစ်၏ ခရီးစဉ် နှင့် ပတ်သတ်၍ သတင်းထုတ်ပြန် ရှင်းလင်းစဉ်(ဆင်ဟွာ)

ယဉ်ကျေးမှု ၊ ဘာသာတရား ခြားနားသော်လည်း ယှဉ်တွဲနေထိုင် လျက်ရှိကာ မြန်မာနိုင်ငံသို့ ပုတ်ရဟန်း မင်းကြီး ဖရန်စစ် ကြွရောက်တော်မူခြင်း အားဖြင့် မင်္ဂလာ အပေါင်း ခညောင်းပြီး စည်းလုံး ညီညာ ငြိမ်းချမ်း သာယာသော နိုင်ငံ အဖြစ်သို့ အလျင်အမြန် ရောက်ရှိတော့မည့် နိမိတ် လက္ခဏာ ဖြစ်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထို့အတူ ပုတ်ရဟန်းမင်းကြီးသည် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက် အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ပုတ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၁၉၃၆ ခုနှစ်တွင် အာဂျင်တီးနား နိုင်ငံ ဘွယ်နော့စ်အိုင်းရက်မြို့၌ ဖွားမြင်ခဲ့ပြီး အမည်ရင်းမှာ ဟော်ဟဲ မာရီယို ဘယ်ဂေါ်လီယို(Jorge Mario Bergoglio)ဖြစ်သည်။၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်တွင် ရိုမင် ကက်သလစ် အသင်းတော်၏ ၂၆၆ ပါးမြောက် ရဟန်းမင်းကြီး အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.