Connect with us

Politics, Law & Military

ရခိုင် ပြည်နယ် တည်ငြိမ် အေးချမ်းရေး ကြိုးပမ်းမှု ထိခိုက်စေရန် အကွက်ကျကျ စီစဉ် ဆောင်ရွက်ခြင်းမှာ ထင်ရှားကြောင်း အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဆို


ရန်ကုန် ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ)

နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝိုင်းမှ ရခိုင်ပြည်နယ်အေးချမ်းတည်ငြိမ် သာယာဝပြောရေး အတွက် ကြိုးပမ်းအားထုတ်နေမှုများကို ထိခိုက်ပျက်စီးစေရန်အကြမ်းဖက်သမားများက အကွက်ကျကျဖြင့် စီစဉ်ဆောင်ရွက်နေသည်မှာ ထင်ရှားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ယနေ့ သြဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့က ရန်ကုန်မြို့ အခြေစိုက် သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ယနေ့ သြဂုတ် ၂၉ ရက်တွင် ရန်ကုန်မြို့၌ ရှင်းလင်းရာတွင် ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နောက်ဆုံး ဖြစ်ပေါ်နေသည့် အခြေအနေများအား ရှင်းလင်းပြောကြားစဉ်(ဆင်ဟွာ)

ယခုဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်သည် ယခင်ဖြစ်စဉ်များနှင့် မတူကွဲပြား ခြားနားကြောင်း၊ နိုင်ငံတစ်ဝန်းလုံးနှင့်ပြင်ပသို့ ပြန့်နံှ့ထိခိုက်နိုင်သည့် အသွင်လက္ခဏာဆောင်နေကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်ဝါဒကို တုံ့ပြန် တိုက်ဖျက်ရန်နှင့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အစိုးရ၏ လက်ရှိဆောင်ရွက်နေသည့် ကြိုးပမ်း အားထုတ်မှုများမှာ လမ်းကြောင်းသွေဖီသွားမည် မဟုတ်ကြောင်း ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နောက်ဆုံး ဖြစ်ပေါ်နေသည့် အခြေအနေများအား ရှင်းလင်းပြောကြားစဉ်(ဆင်ဟွာ)

နိုင်ငံတော်အစိုးရအနြေင့် နိုင်ငံတော်အပေါ် ကျရောက်လာသည့် အကြမ်းဖက်တိုက်ခိုက်မှု မှန်သမျှကို ကာကွယ်သွားရန် အချုပ်အခြာအာဏာနှင့် လုပ်ပိုင်ခွင့် ရှိကြောင်း၊ သံန္နိဋ္ဌာန်ရှိထားပြီးြ ဖစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့၏မြေပေါ်မှာ ကျူးလွန်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို တုံ့ပြန်ရန် အချုပ်အခြာအာဏာနှင့် လုပ်ပိုင်ခွင့်ရှိကြောင်း၊ ထိုသို့ ပြန်လည်တုံ့ပြန်ရာတွင် အပြစ်မဲ့ပြည်သူများ ကြားညပ် သေကြေ ပျက်စီးမှုမရှိစေရန် အဖြစ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များ၏ သက်ဆိုင်ရာ နယ်မြေများ အေးချမ်းတည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းများကို အားလုံးမှ ဝိုင်းဝန်းပူးပေါင်း ကူညီကြပါရန်လည်း မေတ္တာရပ်ခံကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ ၂၀၁၇ခုနှစ်၊သြဂုတ်လ (၂၅) ရက်ကို ထိတ်လန့်ဖွယ်ကောင်းသော Black Friday အဖြစ် အမှတ်ရနေမည် ဖြစ်ကြောင်း ဦးသောင်းထွန်းက ထည့်သွင်း ပြောကြားခဲ့သည်။ARSA အကြမ်းဖက်အုပ်စုသည် သြဂုတ် ၂၅ ရက် နံနက် အစောပိုင်းတွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်ရှိ ရဲကင်းစခန်း(၃၀) နှင့်တပ်စခန်း(၁)ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲဝန်ထမ်း (၁၀) ဦး၊ တပ်မတော်သား (၁) ဦးနှင့် လူဝင်မှုကြီးကြပ်ရေးအရာထမ်း (၁) ဦးတို့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ရှင်းလင်းခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က ယခုတိုက်ခိုက်မှုဖြစ်စဉ်အရ အကြမ်းဖက်သမားများသည် မောင်တောနှင့် ဘူးသီးတောင် တစ်ဝိုက်အား အစ္စလာမ်နိုင်ငံအဖြစ် ဖန်တီးတည်ထောင်ရန် ရည်ရွယ်လုပ်ဆောင်နေသည်ကို ထင်ရှားစွာပြသလျက် ရှိကြောင်း၊ သို့ဖြစ်၍ ၎င်းတို့က ဤဒေသတစ်ဝိုက်ရှိ ရပ်ကွက်နှင့်ကျေးရွာ အစိုးရအုပ်ချုပ်ရေးယန္တရားများကို ပျက်ယွင်းအောင် ဆောင်ရွက်နေကြောင်း၊ ရဲတပ်ဖွဲ့များအနေဖြင့် ဒေသခံပြည်သူများအား အဓိကကာကွယ် ပေးလျက်ရှိသော်လည်း အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုအန္တရာယ် ပိုမိုမြင့်တက် လာသည့် အခြေအနေအရ တပ်မတော်အင်အားကိုပါ ဖြည့်တင်းပူးပေါင်းကူညီပေးရန် မေတ္တာရပ်ခံခဲ့ ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ၎င်းတို့ လိုက်နာ စောင့်ထိန်းရသည့် ကျင့်ဝတ်နှင့်ဥပဒေတို့ကို အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သြဂုတ်လ ၂၅ ရက်မှ ၂၈ ရက်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် ဖြစ်စဉ်အသေးစိတ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးချုပ်ဝင်းထွန်းက ဆက်လက်ရှင်းလင်းခဲ့သည်။ထိုရှင်းလင်းပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမိုျးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ကြပြီး ဖိတ်ကြားထားသည့် ရန်ကုန်မြို့ အခြေစိုက်နိုင်ငံခြားသံရုံးများမှ အကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။(Xinhua)