Politics, Law & Military
ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် အဂတိ တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်များ ကျမ်းသစ္စာ ကျိန်ဆို

နေပြည်တော်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ပြည်ထောင်စု ဝန်ကြီးများ အဖြစ် ခန့်အပ်ထားပြီး ဖြစ်ကြသော ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် တို့နှင့်အတူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ လွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာ ခံယူခဲ့ကြသည်။ (Xinhua)