Connect with us

Politics, Law & Military

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဖွဲ့စည်းသော ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို နိုဝင်ဘာ ၂၃ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဖွဲ့စည်းပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဥက္ကဋ္ဌ ဦးအောင်ကြည် ပြည်ထောင်စုဝန်ကြီး(အငြိမ်းစား)၊ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ၁၂ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်၊ အတွင်းရေးမှူးနှင့် ကော်မရှင် အဖွဲ့ဝင်များ သည် ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.