Connect with us

Politics, Law & Military

ဘဏ္ဍာနှစ်ကာလ အဟောင်း နှင့် အသစ်ကြားတွင် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို ထည့်သွင်းမည် မဟုတ်ဟု လွှတ်တော် နာယက ဆို

ပြည်ထောင်စု လွှတ် တော် နာယက ဦးမန်းဝင်းခိုင်သန်းအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

၂၀၁၈ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက် ခြောက်လတာကာလအတွင်း ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို ထည့်သွင်း လျာထားမည်မဟုတ်ကြောင်း ပြည်ထောင်စု လွှတ် တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ ပြည်ထောင်စု လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေး ပြီးဆုံးသည့် နှုတ်ဆက် စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“လက်ရှိ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတဲ့ ၂၀၁၈ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ခြောက်လတာ ကာလအတွက် စီမံကိန်း၊ ဘတ်ဂျက်တို့ကို သီးခြား ဆောင်ရွက်ရာမှာ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို ထည့်သွင်း လျာထားဖို့ မရှိဘဲ ၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ် တစ်နှစ်စာ တ်ဂျက် ရေးဆွဲချိန်မှသာ ထည့်သွင်းလျာထားဖို့ စီမံထားကြောင်း ကြိုတင် အသိပေးထားလိုပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် မြို့နယ် ၃၂၅ မြို့နယ်အတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ စုစုပေါင်း ကျပ်သန်း ၃၂၄၉၉ ဒသမ ၉၉၈ သန်း ခွင့်ပြုမိန့် ထုတ်ပြန်ပေးပြီး ဖြစ်ကြောင်း ယခုအခါ ဘဏ္ဍာရေးနှစ်၏ သုံးပုံ နှစ်ပုံကာလ ကုန်ဆုံးပြီး နှစ်ကုန်ပိုင်းသို့ ရောက်ရှိ ပြီဖြစ်ရာ ခွင့်ပြုပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို အချိန်မီ စနစ်တကျ ပြီးစီးအောင် ဆောင်ရွက်ကြဖို့ ဖြစ်ကြောင်း၊ ဘဏ္ဍာနှစ်ကုန်ဆုံးရန် လေးလသာ ကျန်ရှိသည့် အတွက် လုပ်ငန်းပြောင်း တင်ပြခြင်း များကို ဒီဇင်ဘာ လကုန် နောက်ဆုံးထား တင်ပြကြဖို့ ဖြစ်ကြောင်းလည်း ဦးမန်းဝင်းခိုင်သန်းက ပြောခဲ့သည်။

ထို့အပြင် ၂၀၁၇ အောက်တိုဘာ ၁၇ ရက်မှ စပြီး ယနေ့အထိ ၁၂ ရက်မြောက် ကျင်းပခဲ့သည် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးကာလအတွင်း လွှတ်တော်က ဦးစားပေး ဆောင်ရွက်ရမည့် ၂၀၁၇ -၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲေ၀ သုံးစွဲရေး ဥပဒေကို အတည်ပြု ပြဌာန်းပေးနိုင်ခဲ့ကြောင်း၊ လွှတ်တော် နှစ်ရပ် သဘောတူသည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇)၊ စာရင်းအင်း ဥပဒေကြမ်း နှင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းတို့ကိုလည်း နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် ပေးပို့နိုင်ခဲ့ကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာန နှစ်ခု တိုးချဲ့ဖွဲ့စည်းခြင်း၊ ဝန်ကြီးနှစ်ဦး ခန့်အပ် တာဝန်ပေးခြင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ် ဖွဲ့စည်းခြင်းများ အတွက် ဥပဒေ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း … … အခြားသော ဆွေးနွေး အတည်ပြုခြင်း ၁၁ ခုနှင့် မှတ်တမ်းတင်ခြင်း ရှစ်ခုတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း နာယကက ဖြည့်စွက် ပြောကြားခဲ့သည်။

ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများကို ယနေ့မှ စ၍ တစ်လခွဲခန့်ရပ်နားမည်ဖြစ်ပြီး ထိုသို့ ရပ်နားထားသည့် ကာလအတွင်း လွှတ်တော် ကိုယ်စားလှယ်များသည် မိမိတို့မဲဆန္ဒနယ်များတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ကြမည် ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.