Politics, Law & Military
ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ကြေညာချက်အမှတ်၊ ၁ / ၂၀၁၈ဖြင့် ယနေ့ မတ် ၃၀ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ပြည်ထောင်စု အစိုးရအဖွဲ့တွင် နိုင်ငံတော် သမ္မတအဖြစ် ယနေ့ သမ္မတ တာဝန်များကို စတင်ထမ်းဆောင်မည့် သမ္မတ ဦးဝင်းမြင့်ကို ထည့်သွင်းဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အလားတူ နိုင်ငံတော်သမ္မတရုံး ကြေညာချက်အမှတ်၊ ၂ / ၂၀၁၈ဖြင့် အမျိုးသားကာကွယ်ရေးနှင့် ၃ /၂၀၁၈ဖြင့် လုံခြုံရေးကောင်စီနှင့် ဘဏ္ဍာရေးကော်မရှင် စသည့်တို့ကို ယနေ့တွင် ပြန်လည် ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။(Xinhua)