Connect with us

Politics, Law & Military

လှိုင်သာယာမြို့နယ်၌ YBS-53 ယာဉ်လိုင်းမှ မော်တော်ယာဉ် မီးလောင်မှုကြောင့် ၂ ဦး သေဆုံး

မီးကူးစက်လောင်ကျွမ်းပြီးနောက် မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ YBS-53 ယာဉ်လိုင်းမှ မော်တော်ယာဉ် မီးလောင်မှုကြောင့် ၂ ဦး သေဆုံး ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ၂၃း၁၅ နာရီ အချိန် လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ အနော်ရထာ လမ်းဘေးရှိ YBS-53 ကားဂိတ်၌ ဇော်ချစ်(၂၂)နှစ်နှင့် ဝေလင်းအောင်(၁၃)နှစ် တို့သည် YBS-53 ယာဉ်လိုင်းမှ 1H/×××× ဟွန်ဒိုင်းယာဉ်ပေါ်တွင် ခရီးသည်များအား ညအိပ်စောင့်နေစဉ် ဇော်ချစ်သည် ယာဉ်ရှေ့ခန်းအတွင်း ခြင်ဆေးခွေထွန်းထားရာမှ ဆိုဖာခုံများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကာ ၂၃း၂၅ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ယာဉ်မီးလောင်မှုကြောင့် ဇော်ချစ်နှင့်ဝေလင်းအောင်တို့တွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့၍ အလောင်းများအား အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ မတ်လ ၂၉ ရက်နေ့ ၀၁း၁၅ နာရီ အချိန် ဇော်ချစ်(သေဆုံး)အား လှိုင်သာယာမြို့မရဲစခန်း ယာဉ်(ပ)၁၁၈၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၅(ပေါ့လျော့မှုကြောင့် လူသေမှု/မီးပေါ့ဆမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.