Connect with us

Politics, Law & Military

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ က အဓိက အချက်၃ ချက်အားဆွေးနွေးခဲ့

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီမှတာဝန်ရှိသူတို့ မီဒီယာ အား ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီ လ ၆ ရက်နေ့မှ ၉ ရက်နေ့ အထိ ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U )သည် ဘတ်ဂျက်ကိစ္စ၊ အစည်းအဝေးတစ်ခု နှင့် တစ်ခုကြား အခြေအနေတို့အပါအဝင် အဓိကအချက်သုံးချက်အားဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အစည်းဝေးအပြီး မီဒီယာနှင့် တွေ့ဆုံစဉ် ၎င်းကော်မတီမှ အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးကပြောကြားသည်။

ဒေါက်တာရွှေခါးက “Local Civilian Monitor လို့ခေါ်တဲ့ ဒေသခံစောင့်ကြည့်ရေးအဖွဲ့ကို သူတို့အတွက်ကို ကျွန်တော်တို့မူဝါဒချမှတ်ထားတာရှိတယ်။ နောက်တစ်ခုကတော့ CSO ၊CPO တို့ကို Capacity Building လုပ်ဖို့ နဲ့ ပစ်ခတ်ရပ်စဲရေးစောင့်ကြည့်ရေးတို့ကို Capacity Building လုပ်ပေးမယ့် အဖွဲ့တွေနဲ့ ပတ်သက်တဲ့ မူကို အဓိကချမှတ်တာဖြစ်ပါတယ်’’ ဟု ပြောသည်။

ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ အတွင်းရေးမှူး (၂)ဗိုလ်မှူးကြီးဝဏ္ဏအောင်အားတွေ့ရစဉ် (ဆင်ဟွာ)

ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ အတွင်းရေးမှူး (၁)ဒေါက်တာရွှေခါးအားတွေ့ရစဉ် (ဆင်ဟွာ)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်က “နယ်မြေသတ်မှတ်ရေး နဲ့ပတ်သက်ပြီးတော့လည်း GMCSC မှာ စတင်ပြီး ညှိနှိုင်းဆောင်ရွက် သွားဖို့ ဒီအစည်းအဝေးမှာညှိနှိုင်းဆောင်ရွက်သွားဖို့ ကိုလည်းဆုံးဖြတ်ခဲ့ကြပါတယ်။

မိုင်းနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူတွေနဲ့ သက်ဆိုင်တဲ့နေရာတွေ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေကို အဓိက ဦးစားပေးဆောင်ရွက်သွားဖို့ ဒါလေးတွေကို အဓိက ဆွေးနွေးခဲ့ပါတယ်။ အသေးစိတ်ကတော့ ထပ်မံပြီးတော့ ဆွေးနွေးသွားဖို့ရှိပါတယ်’’ ဟုမီဒီယာများကို ပြောကြားခဲ့သည်။

JMC-U အစည်းဝေးအနေဖြင့် နောက်တစ်ကြိမ်ပြုလုပ်မည့် အစည်းအဝေးအား ဧပြီလ ၃ ရက်နေ့မှ ၅ ရက်အထိ ကျင်းပသွားရန်ရှိပြီး နေပြည်တော်ရုံး၏ NRPC ဖွင့်လှစ်ဖြစ်ခဲ့ပါက ၎င်းနေရာတွင် ကျင်းပသွားရန်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.