Connect with us

Politics, Law & Military

နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှုတွင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ၊ မရှိအား စစ်ဆေးနိုင်ရန် တပ်မတော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်သွားမည်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်မှုအား လူမှုကွန်ရက် စာမျက်နှာတွင် တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ၊ မရှိအား စစ်ဆေးနိုင်ရန် တပ်မတော် အနေဖြင့် စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ဖေဖော်ဝါရီ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုစုံစမ်း စစ်ဆေးရေး အဖွဲ့တွင် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာ အပေါ် သတင်းထုတ်ပြန်ချက်တွင် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် အင်အား အလွန်အကျွံ သုံးစွဲခြင်းမရှိစေရေး၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများမရှိစေရေး၊ ဥပဒေနှင့်အညီသာ လိုက်နာ လုပ်ဆောင်ရေးတို့အား တာဝန်ရှိသူအဆင့်ဆင့်တို့မှ ညွှန်ကြားကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။ အကယ်၍ ညွှန်ကြားချက်များအပေါ် ဖောက်ဖျက်ကျူးလွန်မှုများရှိပါက မည်သူ့ကိုမဆို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ထို့အတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးသည်သာမက နယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူထု အသက်အိုးအိမ်စည်းစိမ် များစွာထိခိုက်ခြင်း၊ အန္တရာယ်လွန်စွာရှိခြင်းတို့ကြောင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေး တပ်ဖွဲ့များက အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများကို ဖော်ထုတ်၍ ယူဆောင်သွားသည့် လက်နက်ခဲယမ်းများ အမြန်ဆုံးပြန်လည်ရရှိရေးအတွက် နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117