Connect with us

Politics, Law & Military

ပြည်ထောင်စု လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပြန်လည် ကျင်းပရန် ခေါ်ယူ

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအားကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေးအား မြန်မာ သက္ကရာဇ် ၁၃၈၂ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်၊ ၂၀၂၀ ပြည့်နှစ် မေ ၁၈ ရက် မွန်းလွဲ ၁ း ၃၀ နာရီတွင် ကျင်းပရန် ခေါ်ယူခြင်း အကြောင်းကြားစာကို ပြည်ထောင်စု လွှတ်တော်ရုံးက ကြေညာချက်အမှတ် (၂/ ၂၀၂၀)၊ ဧပြီ ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါ ပြည်ထောင်စု လွှတ်တော် (၁၆)ကြိမ်မြောက် အစည်းအဝေးကို မူလက ဧပြီ ၂၇ ရက် တွင် ပြန်လည် စတင်ရန် လျာထားခဲ့သော်လည်း COVID-19 ကြောင့် ယခုကဲ့သို့ မေ ၁၈ ရက် သို့ရွှေ ့ဆိုင်းခဲ့ကြောင်း၊ ပြန်လည် စတင်မည့် အစည်းအဝေးအတွက် COVID-19 ကာကွယ် တားဆီးရေး ဆိုင်ရာ ဆောင်ရွက်သင့်သည့် အစီအစဉ်များကို သက်ဆိုင်ရာ ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာန၊ ပို ့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန စသည့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ယခု လမကုန်မီ သုံးရက်အတွင်း အသေးစိတ် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ အစည်းအဝေး ခန်းမအတွင်း၌ video conferencing ဖြင့် ဆွေးနွေးနိုင်မည် မဟုတ်သော် လည်း COVID-19 ကာကွယ်ရေးအတွက် အဆင်ပြေမည့် နည်းလမ်းများကို ညှိနှိုင်း ရှာဖွေသွား မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ဆင်ဟွာ သတင်း ဌာနသို့ ယနေ့ မွန်းလွဲပိုင်း တွင် ဖုန်းဖြင့် ဖြေကြားခဲ့သည်။

ထို့အပြင် ၎င်းက “လွှတ်တော်ကိုယ်စားလှယ်တွေ နေတဲ့ မြို့မှာ သူတို့ဒီကို ထွက်မလာခင် တည်းက သူတို့ကိုကျန်းမာရေး ဆေးစစ်တာ၊ အဲဒီကနေ နေပြည်တော်ကို လာဖို့ခရီးလမ်း ကြောင်းတွေ စီစဉ်ပေးတာကအစ ကြိုတင် ဆောင်ရွက်ရမှာပါ၊ အခု လောလောဆယ် အသေးစိတ် အစီအစဉ် မရသေးပေမယ့် ဒါတွေကို ဒီ သုံးရက်အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့အသေးစိတ် ညှိနှိုင်း ဆောင်ရွက်သွားမှာပါ” ဟု ဖြေကြားခဲ့သည်။ (Xinhua)