Politics, Law & Military
ပြည်ထောင်စု ဝန်ကြီးများအဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၁၈ ဦး ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက် ကတိသစ္စာပြု
နေပြည်တော် ၊ မတ် ၃၀ ရက် (ဆင်ဟွာ)
ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၁၈ ဦးသည် ယနေ့မတ်လ ၃၀ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်တွင် ကတိသစ္စာ ပြုခြင်းများအား ပြုလုပ်ခဲ့ကြသည်။
ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဝင်များ အဖြစ် ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘော တူညီချက် ရရှိပြီး ဖြစ်သော ပြည်ထောင်စု ဝန်ကြီး ၁၈ ဦးမှာ ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါက်တာ အောင်သူ ၊ ဦးသန့်စင်မောင် ၊ သူရဦးအောင်ကို ၊ ဦးအုန်းဝင်း ၊ ဦးသိန်းဆွေ ၊ ဦးကျော်ဝင်း ၊ ဦးခင်မောင်ချို ၊ ဒေါက်တာ မြင့်ထွေး ၊ ဦးဝင်းခိုင် ၊ ဒေါက်တာ ဝင်းမြတ်အေး ၊ ဦးအုန်းမောင် ၊ ဒေါက်တာ သန်းမြင့် ၊ နိုင်သက်လွင် ၊ ဒေါက်တာ ဖေမြင့် ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် တို့ဖြစ်ကြသည်။ (Xinhua)