Connect with us

Politics, Law & Military

ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ အဖြစ် ခန့်အပ် တာဝန်ပေးရန် သဘောတူညီချက် ရရှိပြီးသူများ ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက် ကတိ သစ္စာပြု

ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ အဖြစ် ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသူများက ပြည်ထောင်စု လွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာ ပြုနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ အဖြစ် ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရရှိပြီး ဖြစ်သော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ပြည်ထောင်စု ဝန်ကြီးများသည် ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်တွင် ကတိသစ္စာ ပြုခြင်းများအား ယနေ့မတ် ၃၀ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြုလုပ်ခဲ့သည်။

ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ အဖြစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးညီညီ ၊ ဦးမြင့်ဝင်း ၊ ဦးမျိုးမြင့် ၊ ဦးခင်မောင်ချို ၊ ဒေါ်ခင်ဌေးကြွယ် ၊ ဦးတွာလ်ကျင်ပေါင် ၊ ဒေါ်လှမျိုးနွယ် ၊ ဦးကျော်ဆန်း တို့သည် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း၏ ရှေ့မှောက်တွင် ကတိ သစ္စာပြုခဲ့ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း နှင့် အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့် ၊ ဦးစိုးရယ်၊ ဦးထွန်းခင် နှင့် ဦးလှတင့် တို့သည် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း၏ ရှေ့မှောက်တွင် ကတိ သစ္စာပြုခဲ့ကြသည်။

ပြည်ထောင်စု ဝန်ကြီးများအဖြစ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါက်တာ အောင်သူ ၊ ဦးသန့်စင်မောင် ၊ သူရဦးအောင်ကို ၊ ဦးအုန်းဝင်း ၊ ဦးသိန်းဆွေ ၊ ဦးကျော်ဝင်း ၊ ဦးခင်မောင်ချို ၊ ဒေါက်တာ မြင့်ထွေး ၊ ဦးဝင်းခိုင် ၊ ဒေါက်တာ ဝင်းမြတ်အေး ၊ ဦးအုန်းမောင် ၊ ဒေါက်တာ သန်းမြင့် ၊ နိုင်သက်လွင် ၊ ဒေါက်တာ ဖေမြင့် ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် တို့သည် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း၏ ရှေ့မှောက်တွင် ကတိ သစ္စာပြုခဲ့ကြသည်။ (Xinhua)