Connect with us

Politics, Law & Military

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ နှင့် ရွေးကောက်ပွဲ ပူးတွဲ ကျင်းပခြင်းအား ခေတ္တ ဆိုင်းငံ့သင့်ဟု ရွေးကောက်ပွဲ ကော်မရှင် အကြံပြု

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်ကို ပြင်ဆင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပါတီစုံ အထွေထွေ ရွေးကောက်ပွဲနှင့် ပူးတွဲ ကျင်းပရန်မှာ ယခုကာလအတွင်း ကျင်းပခြင်း မပြုပဲ ခေတ္တ ဆိုင်းငံ့ထားသင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြည်ထောင်စု လွှတ်တော် နာယကထံ စာတစ်စောင် ပေးပို့ထားကြောင်း ယနေ့လွှတ်တော် အစည်းအဝေးတွင် နာယက သူရ ဦးရွှေမန်းက အသိပေး ပြောကြား ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (ဃ) ကို ပြင်ဆင် ပြဌာန်းချက်သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆောင်ရွက်ချက် များကိုလည်းကောင်း ၊ လွှတ်တော် အသီးသီး၏ လုပ်ငန်း ဆောင်ရွက်ချက်များကို လည်းကောင်း ၊ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ယခုလောလောဆယ် ကာလအတွင်း ပြောင်းလဲမှု / အကျိုးသက်ရောက်မှု များစွာ မရှိသေးသည်ကို လေ့လာတွေ့ရှိရကြောင်း ပြည်ထောင်စု လွှတ်တော် နာယကထံ ပေးပို့သော စာတွင် ဖော်ပြထားသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့် အတူ ပူးတွဲ ကျင်းပခြင်းဖြင့် အချိန် ၊ လုပ်အားနှင့် ဘဏ္ဍာငွေ ကုန်ကျမှုများ သက်သာမှု ရှိစေနိုင်သော်လည်း သီးခြား ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး လိုအပ်သည့် အထောက်အကူပြု ပစ္စည်းအတွက် နိုင်ငံတော် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၄,၇၂၉.၀၄၃ သန်း အနည်းဆုံး ကျခံ သုံးစွဲရမည်ဟုလည်း ဖော်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြည်ထောင်စု လွှတ်တော် နာယကထံသို့ပေးပို့လာသည့် ယင်းစာနှင့် ပတ်သက်၍ ဇူလိုင်လ ၂၂ ရက် လွှတ်တော ်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးမှုများ ပြုလုပ်ပြီး လွှတ်တော်၏ သဘောဆန္ဒကို တစ်ပါတည်း ရယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ယနေ့လွှတ်တော် အစည်းအဝေးတွင် အသိပေး ပြောကြား ခဲ့သည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့် ပူးတွဲ ကျင်းပရန် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ စာရေးသားပေးပို့ခဲ့ခြင်းအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယခုကဲ့သို့ပြန်လည် ရှင်းလင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် ဖြစ်သည့် နိုင်ငံတော် သမ္မတ၏ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (ဃ)တွင် မူလ ပြဌာန်းချက် ဖြစ်သော စစ်ရေး အမြင်နေရာတွင် ကာကွယ်ရေး အမြင်ဟု အစားထိုး ပြင်ဆင်ရန် အတည်ပြု နိုင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.