Connect with us

Politics, Law & Military

လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ဥပဒေကို ပြန်လည်ပြင်ဆင်ခြင်း နှင့် နည်းဥပဒေ ရေးဆွဲခြင်းများကို ဆောင်ရွက်လျက်ရှိ

လူကုန်ကူးမှု တိုက်ဖျက်ရေး ပိုစတာ (ဓာတ်ပုံ- လူကုန်ကူးမှု တာဆီး ကာကွယ်ရေးဗဟိုအဖွဲ့)

ရန်ကုန်၊ဇူလိုင်၂၁ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာ၌ ၂၀၁၅ ခုနှစ် တွင်ရေးဆွဲခဲ့သည့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေကို ပြန်လည် ပြင်ဆင်ခြင်း နှင့် နည်းဥပဒေ ရေးဆွဲခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း ယနေ့ ထုတ်ပြန်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာတွင် ပါရှိသည်။

အဆိုပါ ဥပဒေ ပြန်လည် ပြင်ဆင်ပြီးပါက လူကုန်ကူးသူ တရားခံများအား ပိုမို ထိရောက်သော ပြစ်ဒဏ်များ ချမှတ် နိုင်မည်ဖြစ်ပြီး၊ လူကုန်ကူး ခံရသူများအတွက် အခွင့်အရေးများ ပိုမို ရရှိနိုင်မည်ဖြစ်ကြောင်း အစီရင် ခံစာက ဆိုသည်။

လူကုန်ကူးမှု တိုက်ဖျက်ရာတွင် အိမ်နီးချင်း နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်၍ ပြည်တွင်း၊ ပြည်ပ လူကုန်ကူးမှုများ လျှော့နည်း ပပျောက်စေရန် အလေးအနက် တိုက်တွန်းကြောင်း ပါရှိသည်။

မြန်မာနိုင်ငံ၌ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ၁၉၉၇ ခုနှစ်မှစတင် ဆောင်ရွက်ခဲ့ပြီး၊ ဒုတိယ ၅ နှစ် စီမံကိန်းကို (၂၀၁၂ -၂၀၁၆ ) ကို အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ယခုလတွင် ထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာမှာ ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်အတွင်း လူကုန်ကူးမှု အများဆုံး ဖြစ်ပွားသည့် တိုင်းနှင့် ပြည်နယ်မှာ ရန်ကုန်တိုင်း ဒေသကြီးတွင် အများဆုံးဖြစ်ကာ ရှမ်းပြည်နယ်မှာ ဒုတိယ အများဆုံး ပြည်နယ်ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117