Politics, Law & Military
ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြည်ခိုင်ဖြိုး ပါတီမှ နှုတ်ထွက်
ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)
ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးတီခွန်မြတ်သည် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)မှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
“ထွက်သွားတာကတော့ သူ့ရဲ ့ကိုယ်ရေး ကိုယ်တာ ကိစ္စကြောင့်လို့ထင်ပါတယ်။ထွက်ခွင့်မှာတော့ အကြောင်း အရာ ဖော်ပြထားတာ မရှိပါဘူး။သြဂုတ်လ ၁၈ ရက် နေ့စွဲနဲ့ပါတီဝင် အဖြစ်ကနေ နှုတ်ထွက်ခွင့် ပြုဖို့ဥက္ကဋ္ဌကို လိပ်မှုပြီးတော့ တင်ပြတာပေါ့။၆ ရက်နေ့က ကျင်းပတဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ သူကို ထွက်ဖို့အစည်းအဝေး ဆုံးဖြတ်ချက် အရ ခွင့်ပြုပေးလိုက်ပါတယ်။ထွက်ခွင့် ပြုလိုက်ပါပြီ။”ဟု ဒေါက်တာ နန္ဒာလှမြင့်က ရခိုင် ပြည်နယ် အရေး ဆွေးနွေးပွဲ ခေတ္တရပ်နားချိန် သတင်း မီဒီယာများအား ပြောကြားခဲ့သည်။
ဦးတီခွန်မြတ်သည် ပါတီမှ ပြသနာဖြင့် နှုတ်ထွက်ခြင်း မဟုတ်ကြောင်း ၊ ၎င်း၏ အသက်အရွယ် ၊ ကျန်းမာရေး ၊ မိသားစု အနေအထား ၊ စိတ်ဆန္ဒ အရ ပါတီဝင် အဖြစ်မှ အနားယူရန် ခွင့်ပြုချက် တောင်းခြင်း ဖြစ်ကြောင်း ၊ ယင်းအား ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးတီခွန်မြတ်သည် USDP ပါတီ၌ ဗဟို ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ပါတီ ကိုယ်စားပြု၍ ၂၀၁၀ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ၊ ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။(Xinhua)