Connect with us

Politics, Law & Military

ရခိုင် ပြည်နယ် အရေး ဆွေးနွေးပွဲ ပြည်ခိုင်ဖြိုး ပါတီမှ ကြီးမှူး ကျင်းပ

အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက် လာသည့် ရခိုင်ပြည်နယ် အရေး ဆွေးနွေးပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူး ကျင်းပသော အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက် လာသည့် ရခိုင်ပြည်နယ် အရေး ဆွေးနွေးပွဲအား ယနေ့စက်တင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို ့ဗဟန်းမြို့နယ် ၊ သံလွင်လမ်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ယခု ဆွေးနွေးပွဲတွင် ဦးဆောင် ဆွေးနွေးကြမည့် ပညာရှင်များ ၊ မေးခွန်း မေးမြန်း ဖြည့်စွက် ဆွေးနွေးကြမည့် ပုဂ္ဂိုလ်များက ပညာရပ် ဆိုင်ရာ အမြင် ၊ ဖြစ်စဉ် အထောက်အထားများ နှင့် သုံးသပ် ဖော်ထုတ် သွားကြမည် ဖြစ်သည့် အတွက် ခိုင်မာသည့် အဖြေထုတ်မှု တစ်ခု ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက နှုတ်ခွန်းဆက် အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားနေစဉ်(ဆင်ဟွာ)

ထို့အတူ လက်တွေ့ဖြစ်ရပ်တွင် ရခိုင်ဒေသ ပြဿနာသည် ဘင်္ဂါလီများ အဆမတန် ခိုးဝင်နေသည့် ပြဿနာနှင့် ရှိပြီးသား ပုဂ္ဂိုလ်များကလည်း တိုင်းရင်းသား ဖြစ်ရေး နှင့် နယ်မြေပိုင် သိမ်းရန် လုပ်နေသည့် လူဝင်မှု ပြဿနာသာ ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထိုဆွေးနွေးပွဲတွင် နိုင်ငံတကာတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များ နှင့် နှိုင်းယှဉ် လေ့လာသုံးသပ်ခြင်း ခေါင်းစဉ်ဖြင့် နိုင်ငံတကာ ရေးရာ သုတေသီ ဦးကိုကိုလှိုင်က လည်းကောင်း ၊ ကုလသမဂ္ဂ စနစ် နှင့် နိုင်ငံတကာ သဘော တူညီချက် များကို လေ့လာ သုံးသပ်ခြင်း ခေါင်းစဉ်ဖြင့် ဖွံ့ဖြိုး တိုးတက်ရေး နှင့် စီမံကိန်း ပညာရှင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်က လည်းကောင်း ၊ နိုင်ငံတကာ အကြမ်းဖက်မှုများ နှင့် ဆက်စပ် နှိုင်းယှဉ် သုံးသပ်ခြင်း ခေါင်းစဉ်ဖြင့် သေနင်္ဂ ဗျူဟာ လေ့လာရေး အဖွဲ့အမှုဆောင် ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက လည်းကောင်း ၊ ဥပဒေ ဆိုင်ရာ ရှုထောင့်မှ လေ့လာ သုံးသပ်ခြင်း ခေါင်းစဉ်ဖြင့် ဥပဒေ ပညာရှင် ဦးသိန်းညွန့်က လည်းကောင်း အသီးသီး ဆွေးနွေး တင်ပြခဲ့သည်။

နိုင်ငံတကာ ရေးရာ သုတေသီ ဦးကိုကိုလှိုင်က အကြံပြုချက် အနေဖြင့် ပြီးပြည့်စုံသည့် အမျိုးသား မဟာ ဗျူဟာ တစ်ခု လိုအပ်နေကြောင်း ၊ စုပေါင်း၍ ညီညီညွှတ်ညွှတ် ၊ တိုင်တိုင်ပင်ပင် လုပ်ရန် လိုအပ်ကြောင်း အမျိုးသား ရေး ပေါင်းစည်း ညီညွတ်မှု တည်ဆောက်ရမည့် အချိန် ဖြစ်ကြောင်း ၊ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

ထိုဆွေးနွေးခဲ့မှုများအား ခြုံငုံ၍ ရခိုင် ပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက် ကိစ္စရပ်များသည် နိုင်ငံတကာ၌ ဖြစ်ထွန်းနေသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ ကွန်ရက် ဆက်သွယ် ပံ့ပိုးမှု အရ စဉ်ဆက်မပြတ် အချိန်ပြည့် ဆောင်ရွက်လာမည့် ကိစ္စရပ် ဖြစ်ကြောင်း ၊ လက်ရှိ ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ အပေါ် လေ့လာ ဖော်ထုတ်ချက် အရ ARSA အကြမ်းဖက် အဖွဲ့သည် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများ နှင့် အဆက်အသွယ်ကောင်းများ ရရှိနေပြီ ဖြစ်သည့် အတွက်ကြောင့် အမျိုးသား လုံခြုံရေး မူဝါဒ တစ်ရပ် အရေးတကြီး ချမှတ် အကောင်အထည်ဖော်ရန် လိုအပ်နေကြောင်း ဆွေးနွေးပွဲ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သူ သံအမတ်ကြီး(ငြိမ်း) ဦးဝင်းမြင့်က သုံးသပ် တင်ပြခဲ့သည်။(Xinhua)