Connect with us

Politics, Law & Military

ဖားကန့် ကျောက်စိမ်းတူးဖော်မှုနှင့် ပတ်သက်သော သဝဏ်လွှာ သမ္မတထံပေးပို့

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေပုံ (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ အလွန်အကျွံ တူးဖော်မှုများ နှင့် ပတ်သတ်ပြီး ပြည်ထောင်စုလွှတ်တော်က သမ္မတထံသို့ သဝဏ်လွှာပေးပို့လိုက်သည်။

အဆိုပါ ဒေသ၌ ဒေသခံများ အသက်အိုးအိမ် ဆုံးရှုံးပြီး စိုးရိမ်သောက ကြုံတွေ့ နေရချိန်တွင် စက်ယန္တရားများဖြင့် ကျောက်စိမ်းအလွန်အကျွံ တူးဖော်မှုသည် နိုင်ငံဂုဏ်သိက္ခာကို ထိခိုက်မှုကြောင့် အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စု လွှတ်တော်သို့ အမြန်ဆုံး လာရောက်ရှင်းလင်းရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်းသန်းက ယနေ့ ပြည်ထောင်စုလွှတ်တော်၌ တင်ပြခဲ့သည်။

အဆိုပါ သဝဏ်လွှာတွင် ကချင်ပြည်နယ် ဖားကန့်ဒေသ၌ မြေစာတောင် ပြိုကျမှုကြောင့် ပြည်သူအချို့အသက်အိုးအိမ်ဆုံးရှုံးလျက်ရှိခြင်း၊ လတ်တလောတွင်လည်း စွမ်းအားမြင့် စက်ယန္တရားကြီးများ သုံးစွဲကာ အလွန်အကျွံတူးဖော်နေမှုကြောင့် ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေခြင်း၊ အစိုးရအဖွဲ့၏ ဆောင်ရွက်မှုများကို သိရှိလိုခြင်း၊ ပြည်သူများနှင့် သတင်းမီဒီယာများအကြား ဝေဖန်မှုအမျိုးမျိုး ပေါ်ထွက်နေသဖြင့် နိုင်ငံ ဂုဏ်သိက္ခာ ကျဆင်းနိုင်ခြင်းတို့ကြောင့် ထိုကိစ္စကို ကိုယ်စားလှယ်တို့က လွှတ်တော်အတွင်း အဆိုတင်သွင်း ဆွေးနွေးမှုများ မပြုလုပ်ဘဲ အစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့အမြန်ဆုံးလာရောက် ရှင်းလင်းပေးရန် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.