Connect with us

Politics, Law & Military

တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့့််ငွေ နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်နာယက ရှင်းလင်း

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-U Thua Shwe Mann Facebook)

ရန်ကုန်၊ ဒီဇင်ဘာ၂၁ ရက် (ဆင်ဟွာ)

တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့့််ငွေ မှာ လွှတ်တော်အမတ်များသာ ရခြင်းမဟုတ်ဘဲ၂၀၁၁ မှ ၂၀၁၆ မတ်လအတွင်း တာဝန်ထမ်းဆောင်ခဲ့သော သမ္မတ၊ဒုတိယ သမ္မတများ အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ရရှိကြမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ယနေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရှင်းလင်းပြောကြားသည်။

အဆိုပါ တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေအား တိုင်းဒေသကြီးပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း များမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဌ နှင့် အလုပ်အမှုဆောင် ကော်မတီဝင်များကိုပါ ချီးမြှင့်မည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

ယခင် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ၏ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက် နေ့စွဲပါ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ် များ၏ လစာ စရိတ် ချီးမြှင့်ငွေနှင့် အဆောင်အယောင် ဥပဒေ ပုဒ်မ ၂၆ အပါအဝင်ပုဒ်မ ၅ခုတို့ပါ ပြဌာန်းချက်များအရ တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေများကို ခံစားခွင့်ရရှိကြခြင်း ဖြစ်ကြောင်း ဆိုသည်။

ထို ဥပဒေများအရ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် သက်တမ်းကာလ အပြည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါက မိမိရရှိသည့် လစဉ် ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့က သက်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေ၊ လစဉ်နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်တို့ကို ခံစားခွင့် ရှိကြောင်းသိရသည်။

လွှတ်တော် ကိုယ်စားလှယ်များ၏ နောက်ဆုံးရ လစာငွေအပေါ်မူတည်ပြီး တာဝန်ထမ်းဆောင်ရတဲ့ နှစ်ကာလအပေါ် တွက်ချက်ကာ တာဝန်ထမ်းဆောင်ခဲ့သော ငါးနှစ်တာအတွက် အမတ်တစ်ဦးလျှင် ကျပ်ငွေ သိန်း ၅၀ အထိ ရရှိနိုင်သည့် တစ်လုံးတစ်ခဲ တည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေ ကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်အမတ်များအကြား၊ ပြည်သူများအကြားနှင့် မီဒီယာများ အကြား အမျိုးမျိုးဝေဖန် မှုများရှိခဲ့ပြီး နောက် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းမှ ယခုကဲ့သို့ရှင်းလင်း တင်ပြခဲ့ခြင်းဖြစ်သည်။ (Xinhua)