Politics, Law & Military
ဘူးသီးတောင်မြို့နယ်၌ WYစိတ်ကြွဆေးပြား ၉ သိန်းကျော် သိမ်းဆည်း ရမိ
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ဘူးသီးတောင်မြို့နယ်၌ WYစိတ်ကြွဆေးပြား(၉၆၅,၂၅၀)ပြား သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ ၁၆း၄၀ နာရီ အချိန် ဘူးသီးတောင်မြို့၊ သပြေကုန်းရပ်ကွက်နေ၊ စိုးပိုင်(၄၂)နှစ် ၏ နေအိမ်တွင် တစ်ရပ်ကွက်တည်းနေ ဘသိန်းမောင်(၃၅)နှစ် မှ မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သတင်းအရ စိုးပိုင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိုးပိုင်အား ဖမ်းဆီးရမိခဲ့ပြီး အိမ်နောက်ဖေးခန်းရှိ သံသေတ္တာ(၂)လုံးအတွင်းမှ WY စိတ်ကြွဆေးပြား(၉၇၅,၀၀၀)ပြား သိမ်းဆည်းရမိခဲ့သည့် အမှုမှ တရားခံ စိုးပိုင်၏ဖော်ထုတ်ချက်အရ ထွက်ပြေးတိမ်းရှောင်နေသော ဘသိန်းမောင်သည် မူးယစ်ဆေးဝါးများအား ဘူးသီးတောင်မြို့နယ် အိုးသည်ရွာအနီး တောင်ကြောလမ်း ခြုံကြားအတွင်း၌လည်း သိုဝှက်ထားကြောင်း သိရှိရ၍ နိုဝင်ဘာလ ၂၀ ရက်နေ့ ၁၅း၀၀နာရီ အချိန် မောင်တောခရိုင်ရဲတပ်ဖွဲ့မှ သွားရောက် ရှာဖွေရာ ဆာလာအိတ် (၅)အိတ် အတွင်းမှ WY စိတ်ကြွဆေးပြား (၉၉)ထုပ် (၁)ထုပ်လျှင် (၉၇၅၀)ပြားပါ စုစုပေါင်း စိတ်ကြွဆေးပြား ၉၆၅,၂၅၀ ပြားသိမ်းဆည်းရမိခဲ့ပြီး ဘသိန်းမောင်(ရှာဖွေဆဲ) အား ဘူးသီးတောင် မြို့မရဲစခန်း မယ(ပ)၈/၂၀၁၇ မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့် အမှု ဖွင့်စုံစမ်းလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)