Connect with us

Politics, Law & Military

မြန်မာ-ဟန်ဂေရီ နှစ်နိုင်ငံဆက်ဆံရေး ဆွေးနွေး

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဟန်ဂေရီနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- သမ္မတရုံးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာ-ဟန်ဂေရီ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေများကို မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဟန်ဂေရီနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E.Mr. Peter Szijjarto တို့ နိုဝင်ဘာ ၂၁ ရက် တွင် တွေ့ဆုံဆွေးနွေးကြကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံစဉ် မြန်မာ-ဟန်ဂေရီ နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်မှုတိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရေးနှင့် ပညာရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဟန်ဂေရီနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E.Mr. Peter Szijjarto နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.