Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီးတွင် တရားမဝင် သစ်တန်ချိန် ၈၀၀ကျော် ဖမ်းမိ

သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိသော သစ်များအား စစ်ဆေးနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးတွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပထမ သုံးလတာကာလအတွင်း တရားမဝင်သစ်တန်ချိန် ၈၄၁ ဒသမ ၄၇ဝ၁ တန်ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

ပထမ သုံးလတာကာလအတွင်း တရားမဝင် ကျွန်း ၁၃၃ ဒသမ ၇၆၁ တန်၊ သစ်မာ ၃၈၄ ဒသမ ၁၆၈၂ တန်နှင့် အခြားသစ်အမျိုးအစား ၃၂၃ ဒသမ ၅၄ဝ၉ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ပထမ သုံးလတာကာလတွင် လအလိုက်ဖမ်းဆီးရရှိမှုအနေဖြင့် ဧပြီလတွင် သစ်တန်ချိန် ၂၆၂ ဒသမ ဝ၉၁၁ တန်၊ မေလတွင် ၂၅ဝ ဒသမ ၂ဝ၆၄ တန်နှင့် ဇွန်လတွင် ၃၂၉ ဒသမ ၁၇၂၆ တန်ဖမ်းဆီးရရှိခဲ့ပြီး ယခင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်းကလည်း တရားမဝင်သစ်တန်ချိန်စုစုပေါင်း ၂၉၈၃ ဒသမ ၅၅ဝ၃ တန်ဖမ်းဆီးရမိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.