Connect with us

Politics, Law & Military

JMC အဆင့်ဆင့်၏ အရပ်သား ကိုယ်စားလှယ် ညီလာခံကျင်းပ

ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)တွင် အရပ်သား ကိုယ်စားလှယ် ညီလာခံကျင်းပနေစဉ်(ဓာတ်ပုံ-JMC)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC )အဆင့်ဆင့်၏ အရပ်သား ကိုယ်စားလှယ် ညီလာခံကို ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)တွင် ယနေ့ ဇူလိုင် ၂၀ ရက်နေ့တွင် ကျင်းပလျက် ရှိကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့်၏ အရပ်သား ကိုယ်စားလှယ် ညီလာခံတွင် အရပ်သားများ ပါဝင်မှု အခန်းကဏ္ဍ မြင့်မားရေး ဆွေးနွေးကြကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ အရပ်သား ကိုယ်စားလှယ် ညီလာခံကို နှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှ အရပ်သား ကိုယ်စားလှယ် ၂၀ ကျော် တက်ရောက်လျက် ကြောင်း၊အဆိုပါ ကိုယ်စားလှယ်များသည် လွန်ခဲ့သော နှစ်နှစ်တာ ကာလ အတွင်း ကြုံတွေ့ခဲ့သော လုပ်ငန်း အတွေ့အကြုံများကို ပြန်လည် သုံးသပ် ဆွေးနွေးကြကြောင်း သိရသည်။

အရပ်သား ကိုယ်စားလှယ်များ ကြုံတွေ့ရသော စိန်ခေါ်မှုများကို ကျော်လွှားရန် နည်းလမ်းများ ရှာဖွေ ဖော်ထုတ်မည် ဖြစ်ပြီး၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စောင့်ကြည့်ရေး လုပ်ငန်းစဉ်တွင် အရပ်သားများ၏ ပါဝင်မှု အခန်းကဏ္ဍ မြင့်မားရေး အတွက် တစ်ပါတည်း ဆွေးနွေးလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.