Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီးတွင် ကျပ် သိန်း ၈၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းမိ

ဖမ်းဆီးရမိသော တရားခံနှင့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်က ကျပ် သိန်း ၈၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အောင်မြေသာစံမြို့ နယ်၊ ဒေါနဘွားရပ်ကွက်၊ ဒေါနဘွားကားကြီးကွင်းအတွင်း၊ ကုက္ကိုပင်အောက်တွင် ဆာလာအိတ်များနှင့်အတူတွေ့ရှိသူ နှစ်ဦးအား စစ်ဆေးရှာဖွေရာ ဆာလာအိတ်များအတွင်း ပဲပြားခြောက်၊ လက်ဘက်ခြောက်များဖြင့် ရောနှောသိုဝှက်ထားသည့် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃,၉၉၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၁၉၉.၅ သိန်း)၊ ရောင်စုံဆပ်ပြာခွက် ၁၉၈ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၁၇၈၂ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၄၇.၄ သိန်း)၊ မြန်မာငွေ ၃.၆ သိန်းနှင့် လက်ကိုင် ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ တရားခံများအား အောင်မြေသာစံမြို့နယ်၊ အမှတ်(၁)နယ်မြေရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.