Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် တွင် မှော်ဝန်းတံတားအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက တည် ဆောက်ပေးသွားမည်ဟုဆို

ကျောက်တန်းမြို့ အဝင်အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် တောင်ဘက်ရှိ သနပ္ပင်ကျေးရွာသို့ ဆက်သွယ်သော မှော်ဝန်းချောင်း ကို တံတားဦးစီးဌာနမှ တံတားအတွက်လိုအပ်သည့် ဒီဇိုင်းပုံစံများကိုတောင်းခံ၍ မှော်ဝန်းမြစ်ကူးတံတား အား၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက တည် ဆောက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အဋ္ဌမပုံမှန်အစည်းအဝေး တွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ၏ ကျောက်တန်းမြို့နယ် တောင်ဘက်လမ်းရှိ ကျေးရွာများကို အလွယ်တကူ ကူးသန်းနိုင်ရန် မှော်ဝန်းမြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိကို သိလိုပါကြောင်း မေးမြန်းရာ ဝန်ကြီးဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျောက်တန်းမြို့နယ် တောင်ဘက်မှာ သနပ္ပင်ကျေးရွာကို ဆက်သွယ်တဲ့ မှော်ဝန်းချောင်းရဲ့ အကျယ်ဟာ ပေ(၁၀၀၀)ကျော် ရှိပါတယ်။ တံတားဦးစီးဌာနထံမှ တံတားအတွက် လိုအပ်တဲ့ ဒီဇိုင်းပုံစံများကို တောင်းခံပြီးတော့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေမှာ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။ကျောက်တန်းမြို့နယ်၊ တောင်ဘက်ကမ်းရှိ သနပ္ပင်ကျေးရွာတွင် ကျေးရွာအုပ်စု (၁၁) စု၊ ကျေးရွာ (၂၀) နှင့် အိမ်ခြေ (၆,၃၅၈) အိမ်ရှိပြီး လက်ရှိတွင် လူဦးရေ (၂၈,၅၃၀)ဦး နေထိုင်လျှက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.