Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၌ ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတု ၃၂ ရွက် သိမ်းဆည်းရမိမှုဖြစ်ပွား

ဖမ်းဆီးရမိသူအားငွေစက္ကူအတုများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၌ ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတု ၃၂ ရွက် သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့ ၁၄း၁၅ နာရီ တွင် မန္တလေးခရိုင်ရဲတပ်ဖွဲ့၊ ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့၊ သာသနာရေးဦးစီးဌာနမှ ဦးစီးမှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုနယ်မြေရဲစခန်း(ပ)၄၇/၂၀၁၉၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/ ၁၀၆ အမှု(မတ်လ ၁ ရက်နေ့ ၁ရး၄၅ နာရီ တွင် နောင်ချိုမြို့၊ မြို့မဈေးအတွင်း၌ သန်းထွန်းအား ၎င်း၏လွယ်အိတ်အတွင်းမှ ငွေကျပ်၁၀,၀၀၀ တန် ငွေစက္ကူအတု ၃၂ ရွက်၊ MPT ၁,၀၀၀ ကျပ်တန် ငွေဖြည့်ကတ် ၂၅ ကတ်၊ Telenor ၁,၀၀၀ ကျပ်တန် ငွေဖြည့်ကတ် ၁၆ ကတ်၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် ငွေ ၈၇၃,၄၀၀ ကျပ်နှင့်အတူ ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တရားခံ၏ ထွက်ဆိုချက်အရ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရှမ်းရွာကြီးကျေးရွာ၊ ဓမ္မာရတနာပုဂံကျောင်း၌ ၎င်းနေထိုင်ခဲ့သည့် သိမ်အတွင်းရှာဖွေရာ သံသေတ္တာထဲမှ ငွေကျပ် ၁၀,၀၀၀ တန် ငွေစက္ကူ အတု ၃၀၄ ရွက်နှင့်ငွေကျပ် ၅၀၀၀ တန် ငွေစက္ကူအတု ၄၃၄ ရွက်အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် အမှုဖွင့်အရေးယူရန်စီစဉ်ထားရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.