Politics, Law & Military
မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းတွင် လိုင်စင်မဲ့ယာဉ်နှစ်စီး ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းတွင် ရန်ကုန်သို့ သွားရောက်မည့် လိုင်စင်မဲ့ယာဉ်နှစ်စီးအား ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်သို့ သွားရောက်မည့်Toyota Noah ယာဉ်တစ်စီးနှင့်Honda Fit ယာဉ်တစ်စီး တို့ကို မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသဖြင့် အဆိုပါ လိုင်စင်မဲ့ယာဉ်နှစ်စီးအား ဖမ်းဆီးလိုက်ကြောင်း ၊ ယင်း ယာဉ်နှစ်စီးတန်ဖိုး စုစုပေါင်း ခန့်မှန်း ငွေကျပ် ၇ ဒသမ ၈ သန်းခန့်ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှုပြု လုပ်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၆ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု တစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ဝ၉ဝ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု သုံးမှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉ ဒသမ ၅၄ဝ သန်းခန့်) စုစုပေါင်း တားဆီးမှု လေးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ဝ ဒသမ ၆၃ဝ သန်းခန့်)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။(Xinhua)