Connect with us

Politics, Law & Military

ကွတ်ခိုင်မြို့နယ်၌ ကျပ်သိန်းပေါင်း ၉ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ တွေ့ရှိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၉ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၆ နာရီခန့်တွင် လွယ်ခန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၅ဝဝ ခန့်အကွာ၌ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် မီးသွေးအမှုန့်သုံးအိတ်၊ ဂက်စ်အိုးကြီး ၂၂ လုံး၊ မီးစက်ကြီးနှစ်လုံး၊ Freezer လေးလုံး၊ ဖန်ပေါင်းချောင်ငါးလုံး၊ စတီးပေါင်းအိုး ၂၇ လုံး၊ ဂက်စ်အိုး ၁ဝ၅ လုံး၊ ဂါလန် ၅ဝ ဝင် အက်စစ်ပီပါ ၁၂ဝ လုံး၊ အက်စစ်ပုလင်း ၂ဝဝ လုံး၊ ၁၄ ကီလိုဂရမ်ပါ ကော့ဆစ်ဆိုဒါ ၂ဝဝ အိတ်၊ ဓာတ်ငွေ့ကာ အင်္ကျီ ၃ဝဝ ထည်၊ သားရေလက်အိတ် ၅ဝဝစုံ၊ သံပေါင်းအိုးငါးလုံး၊ YM-90 မော်တာ ရှစ်ခု၊ ကတ္တားသုံးခု၊ အနံ့ချွတ်ဆေး ၃ဝဝ အိတ်၊ ၂ လီတာဝင် အက်စစ် ၆ဝဝ ဘူး၊ TGPM တံဆိပ်ပါ အဖြူရောင်အက်စစ်ပီပါ ၁ဝ လုံး၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ၅ ဂါလန်ဝင် ၁၅ဝ ပုံး၊ မီးစက်ကြီးလေးလုံး၊ ဆေးပြားရိုက်စက်နှစ်ခု၊ စိတ်ကြွရူးသွပ်ဆေးပြား ၄ဝ၃ဝဝ ပြား၊ ဘိန်းညိုမှုန့် ၁၈ ကီလိုဂရမ်၊ ဘိန်းညိုခဲ ၂၅ ကီလိုဂရမ်၊ ကဖင်း၃ဝ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၁၃ ကီလိုဂရမ်၊ Ice ၉၉ ကီလိုဂရမ်နှင့် ဘိန်းဖြူဆပ်ပြာခွက် ၁ဝ ဂရမ်ခန့်ပါ ၁ဝ ခွက်(စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၄,၄၆၇,၆၂၅,ဝဝဝ) အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကွတ်ခိုင်၌ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအားတွေ့ရစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အလားတူ နံနက် ၈ နာရီခန့်တွင် လွယ်ခန်းကျေးရွာ၏ အရှေ့ဘက် မီတာ ၁၅ဝဝ ခန့် အကွာ၌ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် Ice ၂ဝ ကီလိုဂရမ်ပါ ရှစ်အိတ်၊ ဘိန်းဖြူဆပ်ပြာခွက် ၁ဝ ဂရမ်ခန့်ပါနှစ်ခွက်၊ ဆေးပြားရိုက်စက် ၂ဝ ခု၊ မီးသွေးအမှုန့် ၁ဝ အိတ်၊ အမိုနီယမ်ကလိုရိုက် ၁ဝ အိတ်၊ အဖြူရောင်ကြွေဇလားသုံးလုံး၊ ဖန်ပေါင်းချောင်ငါးခု၊ ကြွေကတော့ငါးခု၊ မွှေစက်လေးခု၊ ၃၈ဝ တံဆိပ်ပါ သံပြားသုံးခု၊ ၉၉၉ တံဆိပ်ပါ သံပြားနှစ်ခု၊ ၉၈ဝ တံဆိပ်ပါ သံပြားနှစ်ခု၊ ဘိန်းဖြူဘလောက်တုံး ရိုက်စက်တစ်ခု၊ ဘိန်းဖြူအခြောက်ခံ ခွက်သုံးခု၊ ကြွေဇလုံငါးခု၊ Deep Freezer၁၈ လုံး၊ ဘိန်းချက်ဖန်အိုးကြီး ကိုးလုံး၊ ဂက်စ်အိုး ၄ဝ လုံး၊ ခေါင်းတိုင်ပါ ဘိန်းချက်အိုးကြီးနှစ်လုံး၊ ဆေးပြားမွှေစက် အကြီးနှစ်ခု၊ မီးစက်ခြောက်ခု၊ ကားငါးစီး၊ ဒီဇယ်ပီပါ ၁၆၅ လုံး၊ ဂါလန် ၅ဝ ဆံ့ အက်စစ်ပီပါ ၁၂ဝ လုံး၊ ဘိန်းရည်အခြောက်ခံ လေးထောင့်ဗန်း ၁၂ ခု၊ တဲကိုးလုံး၊ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄၄ဝဝဝ ပြား၊ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၃ဝဝဝ ပြားနှင့် ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား၂၄၂ဝဝဝ ပြား(စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၈၇၉,၆၅ဝ,ဝဝဝ)အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၂ နာရီခွဲခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေ စစ်ဆေးရာ လွယ်ခန်းကျေးရွာ၏ မြောက်ဘက်မီတာ ၂၅ဝဝ ခန့်အကွာ၌ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် အလျားပေ ၅ဝ၊ အနံ ပေ ၃ဝ ရှိ အပြာရောင်မိုးကာတဲ နှစ်လုံး၊ အလျား ပေ ၇ဝ၊ အနံ ပေ ၄ဝ ရှိ အပြာရောင်တဲတစ်လုံး၊ အလျား ပေ ၆ဝ၊အနံ ပေ ၇ဝ ရှိ အပြာရောင်တဲတစ်လုံး၊ အလျား ပေ ၄ဝ၊ အနံ ပေ ၃ဝ ရှိ အပြာရောင် တဲတစ်လုံး၊ CCI AUTO MATIVE PRODUCT စာတန်းပါ သံပီပါ ၆ဝ လုံး၊ အက်စစ်ဖာ ၅ဝဝ ဖာ၊ FRAGRANT LAUNDRY SOAP FLAKE စာတန်းပါ အိတ် ၁၁ဝဝ အိတ်၊ အလျား ၅ ပေ၊ အနံ၂ ဒသမ ၅ ပေ၊ အမြင့် ၆ လက်မရှိ သံပေါင်ကန်ငါးခု၊ အချင်း ၁ ဒသမ ၅ ပေ၊ အမြင့်၁ ဒသမ ၅ ပေရှိ အဖြူရောင် အမှုန့်ထည့်ထားသည့် ကတ်ထူစည်ပိုင်း အသေး ၁၅ဝ လုံး၊အက်စစ်ပီပါ ၂ဝ လုံးနှင့် ကော့ဆစ်ဆိုဒါအိတ် ၅၅ဝ အိတ်အား ထပ်မံတွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အလားတူ ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် လွယ်ခန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၅ဝဝ ခန့်အကွာနှင့် ပတ်ဝန်းကျင် နေရာတစ်ဝိုက်၌ ကဖင်း ၂၅ ကီလိုဂရမ်ပါ ၃ဝဝ အိတ်၊ ဆေးပြားရိုက်စက် သုံးလုံး၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ဝဝဝဝ လုံး (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၇,၄၂,၅ဝဝ,ဝဝဝ) အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ၂ နာရီခန့်တွင် လွယ်ခန်းကျေးရွာရှိ ဦးလီလောက်စန်း၏ နေအိမ်သို့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အိပ်ခန်း ဗီရိုအတွင်းရှိ အနက်ရောင် ကြွပ်ကြွပ်အိတ် အတွင်းမှ 88 နှင့် 1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၆၄၃၅ ပြားနှင့် WY စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ် ဆေးပြား ၁၃၆၅ ပြား(စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၇ သိန်း)အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.