Connect with us

Politics, Law & Military

မောင်တောမြို့နယ်ရှိ ပြန်လည်လက်ခံရေးစခန်းများတွင် ရက်ပေါင်း၂၀ကျော်ကြာထိ ဝင်ရောက်လာမှုမရှိသေးဟုဆို

နေရပ်စွန့်ခွာသူများကို ယာယီထားရှိမည့် နေရာများအားတွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ပြန်လည်လက်ခံရေးစခန်းများ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာမည့်သူများအား လက်ခံရေး ဆောင်ရွက်ခဲ့ရာ စတင်လက်ခံသည့်နေ့ ဇန်နဝါရီ ၂၃ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ထိ စုစုပေါင်း ရက်ပေါင်း ၂၀ကျော်ကြာထိ ပြန်လည်ဝင်ရောက်မှု မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံ ရေးစခန်းနှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌ ပြန်လည်လက်ခံ ရေးစခန်းများ၌ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့များ၊ မီးသတ်ဦးစီးဌာနစသည့်အဖွဲ့များက တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် သူများအား လက်ခံနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သည် ဇန်နဝါရီ ၂၃ ရက်မှစတင်၍ အသင့်အနေအထားအဖြစ် ရှိနေပြီဖြစ်ပြီး မြန်မာဘက်၌ ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ရေလမ်းမှပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ငါးခူရယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ကြားစခန်းအဖြစ် လှဖိုးခေါင်စခန်းတို့ကို အသုံးပြု၍ စနစ်တကျ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.