Politics, Law & Military
မလွဲှတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တရားမဝင်ကျောက်စိမ်းတုံးများ နှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့၏ မြောက်ဘက် ၃၆ မိုင်ခန့်အကွာရှိ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ စစ်ဆေးမှုများဆောင်ရွက်စဉ် မူးယစ်ဆေးဝါးများနှင့် တရားမဝင်ကျောက်စိမ်းတုံးများသယ်ဆောင်လာသူအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့၏ မြောက်ဘက် ၃၆ မိုင်ခန့်အကွာရှိ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ စစ်ဆေးမှုများဆောင်ရွက်စဉ် မတ် ၁၈ ရက် ညနေ ၃ နာရီခန့်တွင် ဦးတင်မိုးလွင် (ဘ)ဦးသာဒွေး မောင်းနှင်လာသည့် SUBARU LEGACY အမျိုးအစား မော်တော်ယာဉ်အမှတ် 6I/— အား ရပ်တန့်စစ်ဆေးရာ ယာဉ်အတွင်းမှ တရားမဝင်ကျောက်စိမ်းဖြတ်စ ၂၇ ခု၊ ကျောက်စိမ်းအရုပ်မျိုးစုံ ရှစ်ခုနှင့် အချောသွေးပြီး ပုံစံစုံ ငါးခုတို့ကိုလည်းကောင်း၊ ယာဉ်မောင်းဘေး ထိုင်ခုံလက်ဆွဲအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၅၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၈၀၀ ကျော်) ကိုလည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
မူးယစ်ဆေးဝါးများ၊ တရားမဝင်ကျောက်စိမ်းတုံးများနှင့်အတူ ဖမ်းဆီးရမိသူအား ကလိန်အောင်မြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)