Connect with us

Politics, Law & Military

ဖရဲသီးများနှင့်ဖုံးအုပ်ကာ တင်ဆောင်ထားသည့် ကားပေါ်မှ ငွေကျပ်သန်း ၃၅၀ခန့်ရှိ ကျောက်စိမ်းရိုင်းတုံး နှစ်တုံးဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် ကျောက်စိမ်းရိုင်းတုံးအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၁၉၅/၅)မိုင်အနီး အနောက်ဘက် ၂ မိုင်ခန့် အကွာ တောတွင်းတစ်နေရာတွင် ဖရဲသီးများနှင့်ဖုံးအုပ်ကာ တင်ဆောင်ထားသည့် ကားတစ်စီးပေါ်မှ ခန့်မှန်း တန်ဖိုး ငွေကျပ်သန်း ၃၅၀ခန့်ရှိ ကျောက်စိမ်းရိုင်းတုံး နှစ်တုံးဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၈ ရက်က မသင်္ကာဖွယ်ရာ မစ်ဆူဘီရှီဖူဆို၁၂ ဘီးယာဉ်တစ်စီး ရပ်တန့်ထားကြောင်း သတင်းရရှိသဖြင့် ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် ဖရဲသီး များနှင့် ဖုံးအုပ် ထားသည့်ကျောက် စိမ်းရိုင်းတုံး နှစ်တုံး (၇၀၀၀kg)ကို တွေ့ရှိ ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူအမြဲတမ်း စစ်ဆေးရေး စခန်းနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့တွင်ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိရာ မတ်၁၈ ရက်က ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် တားဆီးမှု ခြောက်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀.၁၃ သန်းခန့်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတွင် တားဆီးမှု ခြောက်မှုခန့်မှန်းတန်ဖိုးငွေကျပ် ၂၃.၃၇သန်းခန့် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မတ် ၁၈ ရက်တွင်မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ်ပို့ကုန် ၆၆၄ စီး၊ သွင်းကုန်အစီး၇၆၀၊ ရန်ကုန်-မြဝတီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန်၃၁ စီး၊ သွင်းကုန် ၁၆၆ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.