Politics, Law & Military
မောင်တောခရိုင်အတွင်း ညမထွက်ရ အမိန့် နောက်ထပ် ၂ လ တိုးမြှင့်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ညမထွက်ရအမိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ဒီဇင်ဘာ ၂၅ ရက်က နှစ်လထပ်တိုးလိုက်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီထံမှ သိရသည်။
ARSA အစွန်းရောက်အကြမ်းဖက်သမားများ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ဒေသအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် မောင်တောခရိုင် အတွင်း ယခင်ထုတ်ပြန် ထားသည့်အတိုင်း လူ ၅ ဦး (သို့) ၅ ဦး ထက်ပို၍ မစုဝေးနိုင်စေရန် ညနေ ၆ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီထိ ညမထွက်ရအမိန့် ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အား ဒီဇင်ဘာ ၂၅ ရက်က မောင်တောမြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး မှ ထပ်မံတိုးမြှင့် ထုတ်ပြန်ခဲ့ပြီး ၎င်းအမိန့် ထုတ်ပြန်သည့်နေ့မှစ၍ ၂ လပြည့်မြောက်သည်အထိ အတည်ဖြစ်ကြောင်း သိရသည်။(Xinhua)