Connect with us

Politics, Law & Military

မြိတ်မြို့တွင် ငွေကျပ်သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူနှင့် အတူ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြိတ်မြို့တွင် ငွေကျပ်သိန်း ၄,၁၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ ၂၂း၀၀ နာရီ အချိန်မြိတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ ကမ်းနားလမ်းဆုံ၌ သန်းအောင် မောင်းနှင် လာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ ၎င်း၏ဘောင်းဘီအိတ်ကပ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၆ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဒီဇင်ဘာလ ၂၄ ရက်နေ့ ၀၂း၀၀နာရီ အချိန် သန်းအောင် နေထိုင်သည့် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးမြိုင်ရပ်၊ ပဒုမ္မာလမ်း နေအိမ်ကိုဆက်လက်ရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၃,၆၉၀ ပြား၊ ရွှေဆွဲကြိုးလေး ကုံး၊ ရွှေလက်စွပ်လေးကွင်း၊ငွေ ၂၆ သိန်း၊ ဖုန်းတစ်လုံးနှင့် မော်တော်ဆိုင်ကယ် တစ်စီး တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် သန်းအောင်(၃၈)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.