Connect with us

Politics, Law & Military

မောင်တောမြို့တွင်းရှိ ကျေးရွာ၌ ဥပဒေမဲ့ နေထိုင်သူများအား ဖယ်ရှား

သင်္ဘောကွေ့ကျေးရွာ မီးလောင်ပြင်နေရာ၌ အိမ်များဆောက်လုပ်နေထိုင်မှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့ သင်္ဘောကွေ့ကျေးရွာ မီးလောင်ပြင်နေရာ၌ ဥပဒေမဲ့နေထိုင်သူများအား ရှင်းလင်း ဖယ်ရှားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဥပဒေမဲ့ တဲ၊ အိမ်များဆောက်လုပ်၍ ဝင်ရောက်နေ ထိုင်သူများအား ဇူလိုင် ၉ ရက်တွင် ဥပဒေနှင့်အညီ သက်ဆိုင်ရာက ရှင်းလင်း ဖယ်ရှားမှုများ ပြုလုပ်ခဲ့စဉ် နေအိမ်တစ်အိမ်မှ စနက်တံပါ လက်ပစ်ဗုံးတစ်လုံး၊ တုတ်၊ ဓားလက်နက်များ၊ လက်ကိုင်စကား ပြောစက်များ၊ ကျည်ကာအင်္ကျီ တစ်ထည်၊ ကျည်ကာ ဖိုင်ဘာဦးထုပ် တစ်လုံး၊ ကင်မရာ ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်း များ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ဖုန်းနှင့် ဆင်းကတ်တို့ကို သိမ်းဆည်း ရမိပြီး သက်ဆိုင်ရာက ဥပဒေနှင့် အညီ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

လက်ရှိ ဥပဒေမဲ့ ဝင်ရောက်နေထိုင်သူများအား ကျောက်ပန္ဒုကျေးရွာ ဘုန်းတော် ကြီး ကျောင်းသို့ ယာယီ ပြောင်းရွှေ့နေရာ ထားပေးခဲ့ပြီး သက်ဆိုင်ရာမှ လတ်တလော အသုံးပြုနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၁ ရက်တွင် ဥပဒေမဲ့ ဝင်ရောက်နေထိုင်သူများအား သက်ဆိုင် ရာမှ တရားဝင်ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ နေထိုင်မှုမပြုရန် တားမြစ် ထားခဲ့ပြီး လိုက်နာမှုမရှိပါက တည်ဆဲ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကို အသိပေးအကြောင်းကြားခဲ့ ကြောင်း၊ လိုက်နာဆောင်ရွက်မှုမရှိသဖြင့် ထပ်မံ၍ သတိပေးစာ နှစ်ကြိမ်ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်က သင်္ဘော ကွေ့ကျေးရွာ မီးလောင်ပြင်နေရာမှ ပြောင်းရွှေ့လာသည့် အိမ်ထောင်စု ၃၇ စုအား သက်ဆိုင်ရာမှ အင်းဒင်ကျေးရွာ သစ်မြေနေရာသို့ စနစ်တကျ ပြောင်းရွှေ့ နေရာချထားပေးခဲ့ပြီး ဥပဒေမဲ့ နေထိုင်သူ အိမ်ထောင်စု ၂၄ စုမှာ မပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင်လျက် ရှိသဖြင့် သက်ဆိုင်ရာက ဥပဒေနှင့်အညီ ရှင်းလင်း ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ မီးလောင်ပြင်နေရာတွင် ဥပဒေမဲ့ ဝင်ရောက်နေထိုင်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး သွားလာရလွယ်ကူသည့် မောင်တောမြို့နယ် အင်းဒင်ရဲစခန်း အရှေ့ဘက်တွင် ကျေးရွာ သစ်မြေနေရာ ရွေးချယ်ပြီး ယာယီ အဆောက်အအုံများ ဆောက်လုပ်ပေး ကာ အမြဲနေထိုင်နိုင်ရေးအတွက် အခိုင်အမာအဆောက်အအုံ အလုံး ၁ဝဝ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.