Connect with us

Politics, Law & Military

မြန်မာရွှေ့ပြောင်းလုပ်သားများအရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် IOMအဖွဲ့အစည်းတို့ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် IOM ညွှန်ကြားရေးမှူးချုပ် တို့တွေ့ဆုံဆွေးနွေးစဉ်(MOFA)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မြန်မာရွှေ့ပြောင်းလုပ်သားများအရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) ညွှန်ကြားရေးမှူးချုပ် Mr. William Lacy Swingတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးစဉ် အိမ်နီးနားချင်းနိုင်ငံများ အပါအဝင် ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့ အခြေချ နေထိုင်ကြသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်လာရောက်သည့်ကိစ္စများ တွင်လည်းကောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အခြားသောနိုင်ငံများနှင့် နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်နေသည့် ရွှေ့ပြောင်းလုပ်သားများ အပါအဝင် ပြောင်းရွှေ့နေထိုင်သူများ အရေးကိစ္စများ တွင်လည်းကောင်း IOM နှင့် ပူးပေါင်းဆောင်ရွက်သွား ရေးတို့အပြင် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းသွားလာသူများနှင့် ရွှေ့ပြောင်းလုပ်သားများ အရေးကိစ္စများတွင် IOM အနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) ညွှန်ကြားရေးမှူးချုပ် Mr. William Lacy Swing အား ယနေ့ ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.