Politics, Law & Military
မော်လမြိုင်တွင် တရားမဝင်သစ် တန် ၅၀ ဖမ်းမိ

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် အောက်တိုဘာ ၁၂ရက်ညပိုင်းက တရားမဝင်သစ် တန် ၅၀ ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
အတ္တရံမြစ်အတွင်းရှိ ပျားတောင်အနီး၌ မလေးရှားဘက်သို့ တင်ပို့ရန် လှေဖြင့် သယ်ဆောင်လာသော ပိတောက်သစ်နှင့်ရောင်စုံသစ်တန်ချိန်(၅၀)ခန့်ကို နယ်မြေသတင်းအရ တပ်မတော်စစ်ရေယာဉ်မှ လာရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ဆိုပါ တရားမဝင်သစ်များ သယ်ဆောင်လာသော လှေပေါ်ပါလာသူ တရားခံ(၁၃)ဦးအား ကျိုက်မရောမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)