Connect with us

Politics, Law & Military

နိုင်ငံတော်အစိုးရနှင့် NCA-S EAO အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

နိုင်ငံတော်အစိုးရနှင့် NCA-S EAO အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်(MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အကြိုညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန(NRPC) ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မကြာမီကျင်း ပမည့် အစည်းအဝေးတွင် ရလဒ်ကောင်းများ ထွက်ပေါ်လာရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား ကရင်အမျိုး သားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယခုအစည်းအဝေး တွင် ရှေ့မှာကြုံတွေ့ရမည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို တက်ရောက်လာကြသူ များကညှိနှိုင်းပြီး မကြာမီကျင်းပမည့်အစည်းအဝေး အောင်မြင်မှုများရရှိစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သည်များကို ညှိညှိနှိုင်းနှိုင်းနားလည်မှုရှိရှိဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများသည် ၂၀၁၈ ခုနှစ်တွင် (၂၁) ရာစုပင်လုံညီလာခံ (၁) ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ပင်လုံညီလာခံ(၂)ကြိမ်၊ စုစုပေါင်း ပင်လုံညီလာခံ (၃) ကြိမ် ကျင်းပမည်ဖြစ်ပြီး ယင်းပင်လုံညီလာခံ(၃)ကြိမ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများရရှိအောင်ဆောင်ရွက်မည့် အချိန်ဇယား နှင့် လုပ်ငန်းစဉ်များ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီချက်ရရှိရန် လိုအပ်နေ သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရကိစ္စ၊ တစ်ခုတည်းသောတပ်မတော်ကိစ္စများ၊ လက်ရှိနိုင်ငံရေး ဆွေးနွေးပွဲပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးမှုတွင် ခေါင်းဆောင်များအကြား သဘောတူညီချက်ရရှိပြီး အကောင် အထည်ဖော် ဆောင်ရွက်ရေးကိစ္စ၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများအားလုံးပါဝင်အောင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးခိုင်မာအောင် ဆောင်ရွက်ရေးနှင့် အထွေထွေဆွေးနွေး ခြင်းတို့ ဆောင်ရွက်ကြကြောင်း သိရသည်။(Xinhua)