Connect with us

Politics, Law & Military

လားရှိုးမြို့၌ သိန်း၂၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၈ဝဝ ပြား ဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများအား တွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် သိန်း၂၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၈ဝဝ ပြား ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုး (နောင်ချိုလှုပ်ရှား)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ ကျောက်ဂူတောရကျောင်းသွားလမ်းနှင့် ဗြုန်းတောင်သွားလမ်းဆုံအနီးတွင် ဗြုန်းတောင်ဘက်မှ နောင်ချိုမြို့ဘက်သို့ လမ်းလျှောက်လာသူအား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၈ဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၂၃၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားခံအား စစ်ဆေးမေးမြန်းရာမှ ကွင်းဆက်အရ နောင်ချိုမြို့အထွက် ဆေးရုံအနီးသို့ ယင်းစိတ်ကြွရူးသွပ်ဆေးပြား များကို လာရောက်ယူဆောင်သူ နှစ်ဦးသည် မော်တော်ယာဉ် ၁ စီးနှင့် ရောက်ရှိလာ၍ စစ်ဆေးရန်ရပ်တန့်စဉ် ထွက်ပြေးသွားခဲ့ကြောင်း၊ ယင်း ထွက်ပြေးသူနှစ်ဦးမှ တစ်ဦးအားဖမ်းဆီးရမိခဲ့သဖြင့် နောင်ချိုမြို့မရဲစခန်း မယ(ပ) ၇ဝ/၂ဝ၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်ကို ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)