Connect with us

Politics, Law & Military

မဲဆွယ်စည်းရုံးရာတွင် လှုံ့ဆော် ဟောပြောမှုများအား အထူးတာဝန်ယူ စောင့်စည်းကြရန် နိုင်ငံတော် သမ္မတ ပြောကြား

မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးများ ပြုလုပ်ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် နိုင်ငံသားအချင်းချင်း စည်းလုံး ညီညွတ်မှု ပျက်ပြားစေမည့် လှုံ့ဆော် ဟောပြောမှုများ မပေါ်ပေါက်စေရန် အထူးတာဝန်ယူ စောင့်စည်း ကြရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လစဉ် ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဓလေ့ ထုံးတမ်းပေါင်းစုံ၊ ကိုးကွယ် ယုံကြည် မှုပေါင်းစုံရှိသော လူမျိုးစုများစွာ နေထိုင်သည့် တိုင်းပြည် ဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များသည် နိုင်ငံ၏ လူမှု သဟဇာတဖြစ် မှုနှင့် မတူညီသော ကိုးကွယ်ယုံကြည်မှုများအပေါ် ထိခိုက် နစ်နာစေမည့် ကိစ္စရပ်များ မပေါ်ပေါက်ရန် အထူး သတိပြုကြရမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

နိုင်ငံရေး အင်အားစု အချင်းချင်း ပြစ်တင် ဝေဖန် ရှုံ့ချစွပ်စွဲပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ပျက်ပြား စေမည့် ဟောပြော စည်းရုံး မှုများအစား မိမိတို့ ကိုယ်စားပြုမည့် ပြည်သူများ၏ အနာဂတ် အိပ်မက်များဖြစ်သည့် မြန်မာနိုင်ငံ သစ်အတွက် ရည်မှန်းချက် ၊ လုပ်ငန်း စဉ်များ ပါဝင်သည့် မဲဆွယ်စည်းရုံးမှုများ ဖြစ်စေရန် နိုင်ငံတော် သမ္မတက တိုက်တွန်းခဲ့သည်။

အထူးသဖြင့် ကိုယ်စားပြုမှု ကိုယ်စီ အခိုင်အမာ ရှိကြသော နိုင်ငံရေး အင်အားစု အသီးသီးသည် စေ့စပ်ဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းဆိုသည့် နိုင်ငံရေး ယဉ်ကျေးမှု ဆက်လက်ရှင်သန်နေစေရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း ၊ အစိုးရအဖွဲ့သည် အုပ်ချုပ်ရေးကဏ္ဍ၏ လုပ်ပိုင်ခွင့်ဘောင် အတွင်းမှ သန့်ရှင်းလွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ များဖြစ်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲအပြီး ကြားကာလ များတွင် နိုင်ငံရေးတည်ငြိမ်မှု ရှိစေပြီး ပြည်သူလူထု ၏ ဆန္ဒမဲများနှင့် အညီ ပေါ်ပေါက်လာသည့် နိုင်ငံရေး အခင်းအကျင်း သစ်တစ် ရပ်ကို ညင်သာစွာ အသွင် ကူးပြောင်း နိုင်စေရန် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နိုင်ငံရေး ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ၊ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခွင့် ဆိုင်ရာများကို စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်ပြုလုပ်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.