Connect with us

Politics, Law & Military

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် တရုတ် နိုင်ငံ ပေကျင်းမြို့သို့ ယနေ့ စတင်ထွက်ခွာ

မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် (ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၃ ရက်နေ့တွင် တရုတ် နိုင်ငံ ပေကျင်း မြို့၌ ကျင်းပမည့် တရုတ်နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေး စစ်ပွဲနှင့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ စတင်ထွက်ခွာ သွားခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံတွင် ကျင်းပမည့် တော်လှန်ရေး စစ်ပွဲအောင်မြင်ခြင်း အခမ်းအနားကို မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် ၊ ရုရှား နိုင်ငံ သမ္မတ ပူတင် ၊ တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး ၊ လာအို နိုင်ငံ သမ္မတ Choummaly Sayasone ၊ ဗီယမ်နမ် နိုင်ငံ သမ္မတ Truong Tan Sang ၊ တောင်အာဖရိက သမ္မတ Jacob Zuma ၊ ပါကစ္စတန် နိုင်ငံ သမ္မတ Mamnoon Hussain ၊ အီဂျစ် သမ္မတ Abdel Fattah el-Sisi စသည် နိုင်ငံ ပေါင်း ၃၀ မှ ခေါင်းဆောင် များတက်ရောက် ကြမည် ဖြစ်သည်။

အခမ်းအနားကို နိုင်ငံပေါင်း ၄၉ နိုင်ငံမှ တက်ရောက်ကြမည် ဖြစ်ပြီး အစိုးရ ကိုယ်စားလှယ် များအနေဖြင့် သြစတြေးလျ ၊ ဘရာဇီး ၊ ပြင်သစ် ၊ ဟန်ဂေရီ ၊ အိန္ဒိယ ၊ အီတလီ ၊ မလေးရှား ၊ ဟော်လန် ၊ စင်ကာပူ နှင့် ဗြိတိန် စသည့် နိုင်ငံ တို့မှ ပါဝင်ကြောင်း သိရှိရသည်။ ထို့ပြင် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူ များမှလည်း တက်ရောက် ကြမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117