Politics, Law & Military
မဲဇာချောင်းအတွင်း တရားမဝင်သစ် ၂၈ တန်ကျော် ဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊မဲဇာချောင်းအတွင်းမှ တရားမဝင်သစ် ၂၈ တန်ကျော် ဖမ်းမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
မဲဇာချောင်းအတွင်းမှ စက်တင်ဘာ ၂၂ ရက်တွင် တရားမဝင် ကျွန်းသစ်/လုံးပတ်(၃)ပေအောက်ကျွန်းသစ် စုစုပေါင်း (၃၁၂)လုံး (၂၈.၇၂၄၀)တန် ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်များနှင့် ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)