Connect with us

Politics, Law & Military

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများတွင် ဈေးဆိုင်ခန်းမျာအား ဂိုဒေါင်သဖွယ် အသုံးပြုနေခြင်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများတွင် အငှားချထားသည့် ဈေးဆိုင်ခန်းမျာအား ဂိုဒေါင်သဖွယ် အသုံးပြုနေခြင်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် ဈေး၏အင်္ဂါရပ်နဲ့ မညီညွတ်ဘဲ ပစ္စည်းသိမ်း ဆည်းရန် ဂိုဒေါင်များရှိနေခြင်းကြောင့် ဈေး၏ရောင်းဝယ်မှု စည်းကားလာစေရန်နှင့် စည်းကမ်းသတ်မှတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊မရှိကို သိရှိလိုပါကြောင်း ယနေ့၊ နံနက် (၁၀)နာရီတွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မေးမြန်းရာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အထူးသဖြင့် သိမ်ကြီးဈေး(C)ရုံက အရောင်းအဝယ် စည်ကားမှု အားနည်းနေတယ်။ အားနည်းချက်ကို အသုံးချကာ ဂိုဒေါင်သဖွယ်အသုံးချပြီး တခြားနေရာမှာ သွားရောင်းတယ်။ သိမ်ကြီးဈေး (A)ရုံနဲ့ (B)ရုံကျတော့ ရောင်းကောင်းတယ်။ ဒီနေရာသွားပြီးတော့ စုပုံပြီးရောင်းတယ်။ နောက် သိမ်ကြီးဈေး (D)ရုံမှာည်း ဆိုင်ခန်းတွေကလည်း ပစ္စည်းတွေ လာရောက်သိုလှောင်ထားတာ ရှိတဲ့အတွက်ကြောင့် ဈေးများဌာနရယ်၊ အနောက်ပိုင်းခရိုင်ကနေ မြေပြင်ကွင်းဆင်းပြီး စစ်ဆေးအရေးယူခဲ့ပါတယ်။ အဲ့တော့ ပစ္စည်းသိုလှောင်ထားတဲ့ ဆိုင်ခန်းပေါင်း (၁၈၆)ခန်းရှိပါတယ်။ အဲ့ဒီ့ထဲမှာ သူတို့ ပစ္စည်းတွေ စုပုံတယ်။ နောက်ပြီးတော့ ဂိုဒေါင်သဖွယ်ထားပြီးတော့ အသုံးပြုနေတဲ့အတွက်ကြောင့် ဒါကို ကျွန်တော်တို့ ဆက်လက်အသိပေးနေပါတယ်။ အရေးလည်း ယူနေပါတယ်။ စုစုပေါင်းအရေးယူပြီးတော့ ကျန်ရှိတဲ့ဆိုင်ခန်းပေါင်း ဆိုင်ခန်းပေါင်း (၂၄) ခန်းပဲ ကျန်ပါတော့တယ်။ အဲ့ဒီ့ (၂၄) ခန်းကိုလည်း ကျွန်တော်တို့ Notice ထုတ်ထားပါပြီ။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားဖယ်ရှားဖို့ Noticeပါ အတိအကျ ထုတ်ထားပါတယ်။ ဒါကြောင့်မို့လို့ ဈေးတွေမှာ အငှားချထားတဲ့ မှတ်ပုံတင်ဆိုင်ခန်းတွေမှာ ဂိုဒေါင်လိုအသုံးပြုနေတဲ့ သဘောမျိုးမရှိစေဖို့အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေပါတယ်။” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများတွင် အငှားချထားသည့် ဈေးဆိုင်ခန်းမျာအား စနစ်တကျ ရောင်းချရန်အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းချက်များကို သတ်မှတ်ပြဌာန်း၍ ဆောင်ရွက်လျက်ရှိရာ ဆိုင်ခန်းအငှားချထားသူများအား လိုက်နာရန် သတ်မှတ်ထုတ်ပြန်ထားသော စည်းကမ်းချက်များမှာ (၃၄)ချက်ရှိပြီး အချက်(၁၃)တွင် ဆိုင်နေရာများကို ပစ္စည်းများ စုပုံသိုလှောင်သော ဂိုဒေါင်သဖွယ် အသုံးမပြုရ ဆိုသည့်အချက်ကို ထည့်သွင်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.