Connect with us

Politics, Law & Military

မွန်ပြည်နယ်၊ သထုံမြို့၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂,၅၄၅ ရွက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဖမ်းဆီးရမိသည့် တရားခံ နှင့်အတူ ငွေတုများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ သထုံမြို့၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂,၅၄၅ ရွက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ ၁၉း၃၅နာရီ အချိန် သထုံမြို့၊ လိပ်အင်းရပ်ကွက်နေ ဒေါ်ဌေးဌေး(၅၀)နှစ်၏ နေအိမ်အား သထုံခရိုင်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ဒေါ်ဌေးဌေး၏ နေအိမ်တွင် ရောက်ရှိတည်းခိုနေသော ဇော်မင်းနိုင်(ခ) ကိုဇော်(၄၆)နှစ်၏ အခန်းအတွင်းမှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂,၅၄၅ ရွက်၊ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအစစ် ၃ ရွက်၊ ၁၀,၀၀၀ ငွေစက္ကူအား မိတ္တူတစ်ခြမ်းကူးထားသည့် A4 စာရွက် ၂၂၀ ရွက်၊ မိတ္တူ ၂ ဖက်ကူးထားသည့် A4 စာရွက် ၉ ရွက်၊ ကာလာပရင်တာ ၁ လုံး၊ MYANMAR စာတန်းပါမိုလောင်းထားသည့် ခဲပြားကပ်ထားသော ဖိစက် ၁ ခု၊ စက္ကူဖြတ်စက် ၁ ခု၊ ပရင်တာဆေးရည် ၄ ဗူး၊ ပလပ်စတစ်တိတ်ခွေ ၂ ခွေ၊ Safeguard ၁ ခု၊ မီးကြိုးခွေ ၁ ခွေ၊ ပေတံ ၁ ချောင်း၊ ကော်ဗူး ၃ ဗူး၊ ရေစာတံဆိပ်တုံး ၂ ခု၊ ခဲမို ၁ ခု၊ မှတ်ပုံတင် ၁ ခု၊ ခါးပတ်အိတ် ၁ လုံးနှင့် ဖုန်း ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဇော်မင်းနိုင်(ခ)ကိုဇော်သည် လွန်ခဲ့သော ၁ လခန့်မှစ၍ ဒေါ်ဌေးဌေး၏နေအိမ်တွင်ရောက်ရှိ တည်းခိုနေပြီး ဇော်မင်းနိုင်(ခ)ကိုဇော်ထံသို့ သထုံမြို့နယ်၊ အလံတစ်ရာကျေးရွာနေ ဘိုလေး(စိစစ်ဆဲ) ရောက်ရှိလာပြီး ဇော်မင်းနိုင်(ခ)ကိုဇော်၏ အခန်း၌ ငွေစက္ကူအတုများအား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့ ၀၀း၃၀နာရီ အချိန် ဒေါ်ဌေးဌေး၊ ဇော်မင်းနိုင်(ခ)ကိုဇော်တို့ ၂ ဦးနှင့် ဘိုလေးတို့အား သထုံမြို့နယ်ရဲစခန်း(ပ)၇၉၅/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.