Politics, Law & Military
မြစ်ကြီးနား-တနိုင်းလမ်းမကြီးပေါ်တွင်မိုင်းပေါက်ကွဲ၍ လူနှစ်ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား-တနိုင်း လမ်းမကြီးပေါ်တွင် သြဂုတ် ၉ ရက် နံနက် ၅ နာရီခန့်က ခလုတ်မိုင်းဖောက်ခွဲရန် တပ်ဆင်နေစဉ် ပေါက်ကွဲမှု ဖြစ်၍ လူနှစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဖြစ်စဉ်မှာ တနိုင်းကားလမ်းမကြီးပေါ်ရှိ ဆီးဒင်ယံ ကျေးရွာနှင့် နန်နွမ်ကျေးရွာကြား ရင်ကွဲတောင်အဆင်း တွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲသံကြားရကြောင်း မိုးကောင်းရဲစခန်းသို့ အကြောင်းကြားသဖြင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုရာ ယင်းနေရာတွင် မိုင်းဖောက် ခွဲရေး ဆက်စပ်ပစ္စည်းများနှင့် လူနှစ်ဦး သေဆုံးနေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)