Politics, Law & Military
မြန်မာနိုင်ငံပိုင်နက်ပင်လယ် နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်း အမျိုးသား လွှတ်တော်မှ လက်ခံ ဆွေးနွေးနိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တင်သွင်း
ရန်ကုန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံမှ နည်းပညာပိုင်း ၊ ဥပဒေပိုင်းများ အရ ပြီးပြည့်စုံမှု ရှိစေရန် ၊ တိုးတက် ပြောင်းလဲ လာသည့် အခြေအနေ များနှင့် ကိုက်ညီမှု ရှိလာစေရန် မြန်မာနိုင်ငံ ပိုင်နက် ပင်လယ် နှင့် ပင်လယ်ဇုန်များ ဥပဒေသစ်ကို ပြဋ္ဌာန်း နိုင်ရန် ဥပဒေကြမ်း တစ်ရပ်အား အမျိုးသား လွှတ်တော်မှ လက်ခံ ဆွေးနွေး ပေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တင်သွင်းခဲ့ကြောင်း သိရသည်။
ယခုအခါတွင် မြန်မာနိုင်ငံသည် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Convention on the Law of the Sea – UNCLOS) ၏ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခြင်း ၊ မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့အကြား ပင်လယ် နယ်နိမိတ် သတ်မှတ်ရေး အတွက် International Tribunal for the Law of the Sea (ITLOS) ဖြင့် ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်တွင် ချမှတ် ဆုံးဖြတ် ထားသည့် စီရင်ချက် အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ရှိခြင်း ၊ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံ တို့အကြား ပင်လယ်နယ်နိမိတ်ပြဿနာကို Permanent Court of Arbitration (PCA) မှဆုံးဖြတ် ချက် ချပေးပြီး ဖြစ်ခြင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ်းလွန် ရေတိမ်ပိုင်း ရေမိုင် (၂၀၀) ထက်ကျော်လွန်ပြီး သတ်မှတ်ရေး အတွက် ဆောင်ရွက်ရန်ရှိခြင်း တို့ကြောင့် ယခုကဲ့သို့တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ (Myanmar Territorial Sea and Maritime Zones Law) ကို ၁၉၇၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်၏ ပိုင်နက်ပင်လယ်၊ ဆက်စပ်ကမ်းလွန်ရေတိမ်ပိုင်းနှင့် သီးသန့်စီးပွားရေးဇုန် တို့ကို သတ်မှတ်ခဲ့ရာ ထိုဥပဒေ၏ နေရာတွင် မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေသစ်ကို ပြဋ္ဌာန်း နိုင်ရန် တင်သွင်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)