Connect with us

Politics, Law & Military

မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသော လှေစီး သွားလာသူများ အနက် အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၈ ဦး နေရပ် ပြန်ပို့

လှေစီး သွားလာသူများအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အဖြစ်အတည်ပြုပြီးသူများအား ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ တရားဝင် လွှဲပြောင်းပေးစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသည့် လှေစီး သွားလာသူများ အနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အဖြစ် ထပ်မံ အတည်ပြုပြီးသူ (၄၈) ဦးကို နေရပ် ပြန်ပို့ခဲ့ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၈ ဦးကို ဒီဇင်ဘာလ ၂ ရက် ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) မြို့၌ နှစ်နိုင်ငံ အလံတင် အစည်းအဝေး ကျင်းပပြီးနောက် နှစ်နိုင်ငံ နယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ တရားဝင် ပြန်လည် လွှဲပြောင်းပေးခဲ့သည်။

ယင်းလွှဲပြောင်းသည့် အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးကြီး မျိုးဆွေ၊ ယာယီ ဒုတိယ ရဲမှူးကြီး ကျော်တေဇနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ နယ်ခြားစောင့်တပ် ကွပ်ကဲရေးမှူး အမ်အမ် အနီဆူရာမန်နှင့် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် မာဘူဘာ ရာမန်တို့ တက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှ မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင် ဦးဆောင်သော အဖွဲ့မှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်း အမှတ် (၁၇) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အီမရမ်အူလာဆာကာ ဦးဆောင်သည့် အဖွဲ့ထံသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၄၈) ဦးကို လွှဲပြောင်းပေးခဲ့ရာ ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ကယ်ဆယ်ထားသည့် လှေစီးသွားလာသူများ အနက်မှ အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း (၇၇၇) ဦးကို ၎င်းတို့၏ မူရင်း နေရပ်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ (၇) ကြိမ်ခွဲ၍ ပြန်လည် ပို့ဆောင်ပြီး ဖြစ်သည်။

နိုင်ငံသား စိစစ်ရန် ကျန်ရှိသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ စိစစ်မှုများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်းနှင့် စိစစ် အတည်ပြုပြီး ပါက မူရင်း နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက် မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.