Connect with us

Politics, Law & Military

နိုင်ငံရေး မူဘောင် မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အစည်းအဝေး၌ အတည်ပြုမည်

နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင် (မူကြမ်း) ရေးဆွဲခြင်း လုပ်ငန်း အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-Myanmar Peace Center)

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များ ဆွေးနွေးနေသော နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် မူကြမ်းကို ဒီဇင်ဘာလ ၁၄ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေး၌ အတည်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ထံမှ သိရသည်။

အဆိုပါ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်း ဆွေးနွေးပွဲကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီအစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ဒီဇင်ဘာလ ၁ ရက် တွင် စတင် ဆွေးနွေးလျက် ရှိသည်။

UPDJC ကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီတို့မှ ကိုယ်စားလှယ် ၁၆ ဦးစီ စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းထားသည်။

ယင်းကော်မတီဝင်များ အနက်မှ အစုအဖွဲ့တစ်ခုလျှင် ရှစ်ဦးစီ စုစုပေါင်း ၂၄ ဦးဖြင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်း ရေးဆွဲရေး ကော်မတီကို နိုဝင်ဘာလ ၂၄ ရက်က ဖွဲ့စည်းကာ နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နှင့် ၃၀ ရက်များတွင် မူဘောင် ရေးဆွဲရေး အတွက် မူဝါဒပိုင်း ဆိုင်ရာ ဆွေးနွေးခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်မှ စတင်ကာ အစုအဖွဲ့တစ်ခုလျှင် ကိုယ်စားလှယ် သုံးဦးစီဖြင့် မူဘောင် မူကြမ်းကို စတင် ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ငါးရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117