Politics, Law & Military
မြန်မာနိုင်ငံအတွက် အာဇာနည်နေ့သည် ဝမ်းနည်းစရာနေ့ဖြစ်ပြီး ဝမ်းနည်းစရာဖြစ်ပေါ်သော အကြမ်းဖက်စနစ်ကို အစဉ်အမြဲဆန့်ကျင်ရန် လိုအပ်ဟုဆို
ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအတွက် အာဇာနည်နေ့သည် ဝမ်းနည်းစရာနေ့ဖြစ်ပြီး ဝမ်းနည်းစရာဖြစ်ပေါ်သော အကြမ်းဖက်စနစ်ကို အစဉ်အမြဲဆန့်ကျင်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“နိုင်ငံအတွက် တိုင်းသူပြည်သားတွေအတွက် ဝမ်းနည်းရတဲ့နေ့တစ်နေ့ပါ ၊ ဝမ်းနည်းတယ်ဆိုတဲ့နေ့တစ်နေ့မို့ ဝမ်းနည်းနေလို့မပြီးပါဘူး၊ ဝမ်းနည်းခြင်းဖြစ်ပေါ်တဲ့အကြမ်းဖက်စနစ်ကို အစဉ်အမြဲဆန့်ကျင်သွားဖို့ လိုအပ်ပါတယ်၊ ဘယ်တော့မှ ဘယ်အခြေအနေမျိုးမှာမှ အခုလို လက်မခံဖို့ အားလုံး သန္နိဌာန်ချ ဆုံးဖြတ်ဖို့ အရေးကြီးတယ် ” ဟု ၎င်းကဆိုသည်။
၇၀)ပြည့် အာဇာနည်နေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ယနေ့ ကျင်းပစဉ် (ဓာတ်ပုံ-ဆင်ဟွာ)
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရခြင်းသည် မြန်မာနိုင်ငံ၏ အမျိုးသားရေးဆိုင်ရာ ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ယနေ့ ကျင်းပခဲ့ပြီး ပါတီဝင်များနှင့် နိုင်ငံတကာသံတမန်များ တက်ရောက်ကြသည်။ (Xinhua)